Home သတင်း မုံရွာမြို့နယ် ပြည်သူ့ညီလာခံ တွင် ပြည်‌ထောင်စုကရင်အမျိုးသား ကွန်ယက်မှ သဝဏ်လွှာ‌ပေးပို့

မုံရွာမြို့နယ် ပြည်သူ့ညီလာခံ တွင် ပြည်‌ထောင်စုကရင်အမျိုးသား ကွန်ယက်မှ သဝဏ်လွှာ‌ပေးပို့

2068
‌အောက်တိုဘာလ ၂၂ရက်၊ ၂၀၁၂ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ဆည်တည်းရွာတွင် ‌အောက်တိုဘာလ ၁၈ရက်မှ ၁၉ရက်‌နေ့အထိ ပထမဦးဆုံး အကြိမ် ပြည်သူ့ညီလာခံပြုလုပ်ရာ ပြည်‌ထောင်စု ကရင်အမျိုးသားကွန်ယက်မှ ညီလာခံအား‌ထောက်ခံ‌ကြောင်း သဝဏ်လွှာ‌ပေးပို့ခဲ့သည်။

ယင်းညီလာခံကို တက်‌ရောက်သည့် ဒီမိုက‌ရေစီအ‌ရေးလှုပ်ရှားသူ ကရင်အမျိုးသမီး ‌ဒေါ်‌နော်အုန်းလှမှ ကိုယ်စား ပြုဖတ်ကြားခဲ့ခြင်း ဖြစ်သည်။

‌နော်အုန်းလှက “သဝဏ်လွှာထဲမှာ စစ်မှန်‌သော တိုင်းရင်းသားစည်းလုံးညီညွှတ်‌ရေးဟာ မဖြစ်မ‌နေအ‌ရေးပါ ‌ကြောင်းနဲ့ ပြည်‌ထောင်စုတိုင်းရင်းသား‌တွေ အတူတကွ လက်တွဲသွားဖို့ တိုက်တွန်းထားပါတယ်။ ဒါဟာ တကယ်လိုအပ်တဲ့ အရာလို့ ယုံကြည်ပါတယ်“ဟု ‌ပြော ကြားသည်။

ထို့အတူ ရခိုင်တိုင်းရင်းသားတိုးတက်‌ရေးပါတီ၊ ကယန်းပြည်သစ်ပါတီနှင့် ညီညွှတ်‌သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ စသည့် ပါတီတို့မှလည်း သဝဏ်လွှာများ‌ပေးပို့ခဲ့သည်။

ညီလာခံကို တိုင်းရင်းသားအဖွဲ့အစည်းများ၊ နိုင်ငံ‌ရေးပါတီများ၊ လယ်သမားအဖွဲ့အစည်းများ၊ အလုပ်သမား အဖွဲ့အစည်းများ၊ ‌ကျောင်းသားအဖွဲ့များ၊ ကွန်ယက်များ၊ အမျိုးသမီးအဖွဲ့များ၊ သဘာဝပတ်ဝန်းကျင်အဖွဲ့များ စသည့် အစုအဖွဲ့ (၃၈)ဖွဲ့မှ ကိုယ်စားလှယ်ဦး‌ရေ ၄၀ဝ အပါအဝင် ‌ကျေးရွာ ၂၆ ရွာမှ ပြည်သူများ စုစု‌ပေါင်း တစ်‌သောင်း‌ကျော် တက်‌ရောက်ခဲ့သည်ဟု သိရသည်။

ညီလာခံအား အိမ်ရှင်အဖြစ် လက်ခံကျင်းပ‌ပေး‌သော ဆည်တည်းရွာမှ မမကြီးက “ကျမတို့ ရှိတဲ့ဆီကို အ‌ဝေး ကြီးက‌နေ တိုင်းရင်းသား‌တွေ ဖြစ်တဲ့ ကရင်၊ ကယား၊ သျှမ်း၊ ရခိုင်၊ ကယန်း ၊ ကိုးကန့်‌တွေက လာပြီး ကူညီကြလို့ အများကြီးဝမ်းသာတယ်”ဟု ဆိုသည်။

ထို့အပြင် ညီလာခံသို့ သဝဏ်လွှာ‌ပေါင်း (၂၁)‌စောင်၊ အီး‌မေးလ် (၃၀)‌စောင်၊ လူ့အခွင့်အ‌ရေး‌ကောင်စီစာတမ်း (၁၁)‌စောင်၊ ကဗျာ (၇) ပုဒ်၊ သီချင်း (၁) ပုဒ် ‌ပေးပို့ခံရပြီး ညီလာခံ၌ ‌ကြွေး‌ကြော်သံ (၁၁)ပိုဒ်နှင့်အတူ ဆုံးဖြတ် ချက် (၂၆)ချက် ‌ဆွေး‌နွေးဆုံးဖြတ်နိုင်ခဲ့ကြသည်ဟု သိရသည်။

၎င်းဆုံးဖြတ်ချက် ၂၆ ချက်တွင် အထူးဆုံးဖြတ်ချက်အဖြစ် တိုင်းရင်းသားလူထုများပါဝင်‌သော ပင်လုံကဲ့သို့ ညီလာခံ တစ်ရပ်ကို ကျင်းပရန် ဆုံးဖြတ်ကြ‌ကြောင်း တက်‌ရောက်သူများက ‌ပြောသည်။