Home ထိပ်တန်းသတင်း ထိုင်းနိုင်ငံအတွင်း အလုပ်သမားလက်မှတ် မရှိသူများ ယခုနှစ်ကုန်ပိုင်းတွင် ဖမ်း‌တော့မည်

ထိုင်းနိုင်ငံအတွင်း အလုပ်သမားလက်မှတ် မရှိသူများ ယခုနှစ်ကုန်ပိုင်းတွင် ဖမ်း‌တော့မည်

2008
‌အောက်တိုဘာလ ၂၃ ရက် ၂၀၁၂၊ စဖန်း‌ရှောင်း (‌ကေအိုင်စီ)


ထိုင်းနိုင်ငံသို့ လာ‌ရောက်အလုပ်လုပ်ကိုင်‌နေကြ‌သော အလုပ်သမားများအ‌နေဖြင့် အလုပ်သမားလက်မှတ် မရှိ သူများ ယခုနှစ်ကုန်ပိုင်းတွင် ဖမ်းဆီး‌တော့မည်ဖြစ်ပြီး အလုပ်လုပ်ခွင့်လက်မှတ်(work permit) အမြန်ဆုံးလုပ် ကြရန် မဲ‌ဆောက်မြို့ရှိ အလုပ်သမားရုံး‌ရှေ့တွင် ထိုင်းအာဏာပိုင်များက အသိ‌ပေးထား‌ကြောင်း သိရသည်။

မဲ‌ဆောက်အ‌ခြေစိုက် အလုပ်သမားအ‌ရေးကို ကူညီ‌ဆောင်ရွက်‌ပေးနသည့် ‌ရောင်ခြည်ဦးအလုပ်သမားကူညီ ‌စောင့်‌ရှောက်‌ရေးအဖွဲ့မှ ဥပ‌ဒေ‌ရေးရာတာဝန်ခံ ကို‌ထွေးနိုင်က “ထိုင်းအစိုးရက သူတို့နိုင်ငံမှာ အလုပ်လာလုပ်တဲ့ အလုပ်သမား‌တွေဟာ Work Permit လုပ်ရမယ်။ မလုပ်ရင် ဒီနှစ်ကုန်ပိုင်းမှာ စဖမ်းမယ်။ အခြား ဘာလက်မှတ် ကိုင်‌ဆောင်ထားပါ‌စေ Work Permit မရှိရင် ဖမ်းဖို့ ထုတ်ပြန်ထားတာရှိတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဆက်လက်၍ အလုပ်လုပ်ခွင့် Work permit ရှိသူများအ‌နေဖြင့် ယခု ‌အောက်တိုဘာလ ၁၄ ရက်‌နေ့တွင် ‌နောက်ဆုံး သက်တမ်းတိုးရန် သတ်မှတ်ထားပြီး သက်တမ်းမတိုးမိသူများ၊ Work permit မရှိသူများနှင့် စာရွက် စာတမ်းအခိုင်အလုံ မရှိသူအားလုံးကို လာမည့် ဒီဇင်ဘာလ၊ ၁၄ ရက်‌နေ့အထိ ‌နောက်ဆုံးထားကာ ထိုင်းအစိုးရ က ဖမ်းဆီးအ‌ရေးယူသွားမည်ဟု ထုတ်ပြန်ထားခြင်းဖြစ်‌ကြောင်း ကို‌ထွေးနိုင်က ဆိုသည်။

ထိုသို့ အလုပ်သမားလက်မှတ် ပြုလုပ်ထားခြင်းမရှိဘဲ စစ်‌ဆေး‌တွေ့ရှိသူများကို ထိုင်းဥပ‌ဒေ ပုဒ်မ BE2522 (ဘီအီး၂၅၂၂)အရ ဒဏ်‌ငွေအဖြစ် ထိုင်းဘတ်‌ငွေ ၅,၀၀ဝ (ငါး‌ထောင်)နှင့် ‌ထောင်ဒဏ် ၅ နှစ်အထိ ပြစ်ဒဏ်ချ မှတ်ခံရနိုင်သည်ဟု သိရသည်။

မဲ‌ဆောက်တွင် လာ‌ရောက်အလုပ်လုပ်ကိုင်သူ မြန်မာအလုပ်သမားတစ်ဦးက “အရင်က အ‌ထောက်အထား တစ်ခုရှိရင်ရတယ်။ ပိုက်ဆံလည်း ကုန်‌ပေါင်းမနည်း‌တော့ဘူး။ အခုက အဲဒီဟာ‌တွေနဲ့ မရ‌တော့ဘူးဆို‌တော့ သူတို့(ထိုင်းအစိုးရ)‌ပြောသလို လုပ်ရ‌တော့မှာ‌ပေါ့”ဟု ‌ပြောသည်။

၎င်းအပြင် အလုပ်လုပ်ခွင့် Work permit ပြုလုပ်ရာတွင် အချို့မှာ ပွဲစားများမှတဆင့် ပြုလုပ်ရာတွင် ပိုမိုကုန်ကျ မှုများရှိပြီး သတ်မှတ်ချက်အရ ၆ လစာ သက်တမ်းအတွက် ဘတ်‌ငွေ ၁,၀၀ဝ (တစ်‌ထောင်)နှင့် ‌ဆေးစစ်ခ တစ်နှစ်စာအတွက် ဘတ်‌ငွေ ၁,၉၀၀(တစ်‌ထောင့်ကိုးရာ) ကုန်ကျမည်ဟု ‌ရောင်ခြည်ဦးအလုပ်သမား ကူညီ ‌စောင့်‌ရှောက်‌ရေးအဖွဲ့က ‌ပြောဆိုသည်။

တဆက်တည်းမှာပင် Work permit ပြုလုပ်ရာတွင် ထိုင်းနိုင်ငံအတွင်း ‌နေထိုင်‌ကြောင်း‌ထောက်ခံစာ၊ ‌ဆေးရုံ တစ်ခုခု‌ထောက်ခံ‌ပေး‌သော ‌ဆေး‌ထောက်ခံစာနှင့်အတူ အလုပ်ရှင်၏‌ထောက်ခံချက်များ မဖြစ်မ‌နေပါရှိရမည် ဖြစ်သည်ဟုလည်း ကို‌ထွေးနိုင်က ‌ပြောသည်။

ထိုင်းနိုင်ငံတွင် ယာယီ နိုင်ငံကူးလက်မှတ်အပြင် အလုပ်သမားလက်မှတ်(Work permit) ကိုင်‌ဆောင်သူများ အ‌နေဖြင့် ပုံမှန် ရက် ၉ဝ သက်တမ်းကို အချိန်မှီ တိုးရမည်ဖြစ်ပြီး ပျက်ကွက်ပါက ဒဏ်‌ငွေအဖြစ် ဘတ်‌ငွေ ၁,၀၀ဝ မှ ၅၀၀ဝ အထိ ‌ပေး‌ဆောင်ရနိုင်သည်ဟု သိရသည်။