Home သတင်း မြန်မာ‌ရွေ ့‌ပြောင်းအလုပ်သမားများ ဆက်လက်ဖမ်းဆီးခံ‌နေရဆဲ

မြန်မာ‌ရွေ ့‌ပြောင်းအလုပ်သမားများ ဆက်လက်ဖမ်းဆီးခံ‌နေရဆဲ

2067
ဒီဇင်ဘာလ ၂၁ ရက်။ ၂၀၁၂ ခုနှစ်။ နန်းသူး‌လေ(‌ကေအိုင်စီ)

ထိုင်းနိုင်ငံ‌ရောက် ‌ရွှေ့‌ပြောင်းအလုပ်သမားများအတွက် ယာယီနိုင်ငံကူးလက်မှတ်လုပ်‌ဆောင်‌နေမှုကို ၃ လ သက်တမ်းတိုး‌ပေးပြီး ဖမ်းဆီးမှုများလည်း ရပ်ဆိုင်းထား‌ပေးမည်ဟု ထိုင်းအလုပ်သမား ဝန်ကြီး ဌာနမှ တရားဝင်ထုတ်ပြန်ထား‌သော်လည်း အဖမ်းအဆီးများ ဆက်လက်ရှိ‌နေ‌သေး‌ကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တနသင်္ာရီတိုင်း၊ ထားဝယ်မြို့တွင် မြန်မာနိုင်ငံ သမ္မတဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စယင်လပ်ရှင်နာဝပ် တို့‌တွေ့ဆုံခဲ့ပြီး‌နောက် အလုပ်သမား‌ရေးရာနဲ ့ ပတ်သက် ပြီး ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်‌ပေး‌နေမှုကို သက်တမ်းတိုး‌ပေးရန်နှင့် ဖမ်းဆီးမှုများကိုလည်း ‌ခေတ္တ ရပ်ဆိုင်းထား‌ပေးရန် သ‌ဘောတူညီခဲ့ကြ‌ကြောင်း သိရသည်။

ယင်းကဲ့သို့ ထိုင်းနှင့်မြန်မာအစိုးရတို့အကြား သ‌ဘောတူညီချက် ရရှိထားကြ‌သော်လည်း ထိုင်းနိုင်ငံ အတွင်းရှိ တချို့‌နေရာများတွင် ထိုင်းရဲများမှ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများကို ဆက်လက်ဖမ်းဆီး ‌နေ ဆဲဖြစ်‌ကြောင်း မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများက ‌ပြောသည်။

မဲ‌ဆောက်မြို့မှ ‌ရွှေ့‌ပြောင်းအလုပ်သမားတစ်ဦးက “အရင်ရက်‌တွေတုန်းကလို စက်ရုံ‌တွေထဲထိ လိုက် မဖမ်း‌တော့‌ပေမယ့်လို့ မြို့ထဲမှာ‌တော့ရဲ‌တွေက ‌စောင့်ဖမ်း‌နေတုန်းပဲ။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကဆို ပုလိပ်‌တွေလာစစ်‌နေလို့ ထွက်‌ပြေး‌နေရတဲ့လူ‌တွေအများကြီးပဲ” ဟု‌ပြောသည်။

မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ်(FTUB)မှ ကို‌ကျော်မြင့်ကလည်း “ဘန်‌ကောက်မှာ‌တော့ လမ်း‌တွေမှာ ‌စောင့်ပြီး ထိုင်းပုလိပ်‌တွေက ဖမ်း‌နေတာ‌တွေ ရှိ‌နေတုန်းပါပဲ” ဟု‌ပြောသည်။

ထိုင်းအစိုးရ အသိအမှတ်ပြု တရားဝင် ‌ရွေ့‌ပြောင်းအလုပ်သမားလက်မှတ်နှင့် ထိုင်း-မြန်မာနှစ်နိုင်ငံ သ‌ဘောတူညီမှု (MOU) စနစ်ဖြင့် ထိုင်းနိုင်ငံတွင် အလုပ်သမားများ ယာယီ‌နေထိုင်ခွင့် လက်မှတ် ‌ထော‌လော (၃၈ / ၁) မရှိပဲ မြန်မာနိုင်ငံသား စိစစ်‌ရေးကဒ်ပြား တခုတည်းဖြင့် အလုပ်သမားလက်မှတ် ‌လျှောက်ထားရာတွင် ခက်ခဲ ကြန့်ကြာမှုများ ရှိ‌နေကြာင်း သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ‌ရောင်ခြည်ဦး မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား ကူညီ‌ရေးအဖွဲ့မှ ဥပ‌ဒေ တာဝန်ခံ ကို‌ထွေးနိုင်က “လက်ရှိယာယီနိုင်ငံကူးလက်မှတ် လုပ်‌နေတဲ့သူ‌တွေ အကုန်မပြီး‌သေးတဲ့ အတွက်ပဲ ‌စောင့်တဲ့သ‌ဘောပါ။ ဒီဇင်ဘာလ ၁၄ ရက်‌နေ့က အလုပ်သမားသက်တမ်းကုန်သွားတဲ့ သူ‌တွေကို ထပ်တိုး‌ပေးတာ မျိုး‌တော့ မဟုတ်ပါဘူး” ဟု‌ပြောသည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ ထိုင်နိုင်ငံရှိ ‌ရွှေ့‌ပြောင်းအလုပ်သမားများကို ယာယီနိုင်ငံကူးလက်မှတ် နှင့် အလုပ်သမားလက်မှတ်ပြုလုပ်ကြရန် ယခုနှစ်ဆန်းပိုင်း ကတည်းက ‌ကြေညာခဲ့ကြပြီး ပြုလုပ်ခြင်း မရှိပါက ဒီဇင်ဘာလ ၁၄ ရက်‌နေ့မှစတင်ပြီး ဖမ်းဆီးအ‌ရေးယူသွားမည်ဟု ‌ကြေညာထားခဲ့သည်။ ‌ကြေညာ ထားခဲ့သည့်အတိုင်း ဖမ်းဆီးမှုများ လည်းရှိခဲ့သည်။

မြန်မာနိုင်ငံသားများ မှတ်ပုံတင်‌ရေး ကိစ္စနှင့် ပတ်သက်၍ မကြာခဏ ‌နောက်ဆုံး သတ်မှတ်ရက်ကို ‌နောက်ဆုတ်‌ပေး‌နေခဲ့ရသည် ဟုု ထိုင်းအလုပ်သမားဝန်ကြီး Mr. Padermchai Sasomsap ကို ကိုးကား၍ ဒီဇင်ဘာလ ၁၇ ရက်‌နေ့က ဘန်‌ကောက်ပို့စ် သတင်းစာတွင် ‌ရေးသားထားသည်။

ထိုင်းနိုင်ငံတွင် အိမ်နီးချင်း နိုင်ငံများဖြစ်‌သော လာအို၊ က‌မ္ဘောဒီယား၊ မြန်မာနိုင်ငံ တို ့မှာ သန်းနှင့် ချီ‌သော အလုပ်သမားများ လာ‌ရောက် အလုပ်လုပ်ကိုင်လျက်ရှိသည်။ မြန်မာ‌ရွှေ့‌ပြောင်း အလုပ်သမား များ ၄ သန်းခန် ့ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက် ရှိ‌နေ‌ကြောင်း မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား များ ကူညီ‌ရေးအဖွဲ့များက ခန့်မှန်း‌ပြောဆိုထားကြသည်။