Hay Htoo
ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားအဖွဲ ့များနှင့် KNU လက်တွဲပူးပေါင်းသွားမည်
ဇန်နဝါရီလ ၉ရက်၊ ၂၀၁၃ုခုနှစ်။ ဖိုးခွါးလေး (ကေအိုင်စီ)
မြန်မာနိုင်ငံတွင် စစ်မှန်သော ငြိမ်းချမ်းရေးရရှိရန် အစိုးရနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများကို တိုင်းရင်းသားလူမျိုးများနှင့် အတူတကွ ပူးပေါင်းလုပ်ဆောင်သွားမည်ဟု ကရင်အမျိုးသား အစည်းအရုံး-KNU က ယနေ့ ပြောဆိုလိုက်သည်။
“ငြိမ်းချမ်းရေးရရှိဖို့အတွက် အဓိကတော့ နိုင်ငံရေးပြဿနာ ကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းမှသာ...
လေကြောင်း ထိုးစစ်ကြောင့် ကချင်ဒုက္ခသည်များ လုံခြုံရေးစိုးရိမ်ရဟု WLB ပြော
ဇန်နဝါရီလ ၉ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ကချင်ဒေသအတွင်း ဖြစ်ပွားနေသည့် စစ်ပွဲတွင် မြန်မာအစိုးရစစ်တပ်ဘက်မှ လေကြောင်းဖြင့် ထိုးစစ်ဆင်မှုကြောင့် ကချင်စစ် ပြေးဒုက္ခသည်များ လုံခြုံရေးအတွက် ပိုမို အခက်ကြုံနေရသည်ဟု အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)-WLB က ယနေ့ ပြော ကြားလိုက်သည်။
“အစိုးရတပ်က လေယာဉ်နဲ့ဗုံးကျဲရာမှာ KIA ကို မဟုတ်ဘဲ...
KIA တပ်စခန်း ဖွန်းပြင်ဘွမ်းတောင်ကုန်း သိမ်းပိုက်ရန် အစိုးရစစ်တပ်ကြိုးပမ်းနေ
ဇန်နဝါရီလ ၉ရက်၊ ၂၀၁၃ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
ကချင်လွတ်မြောက်ရေးအဖွဲ(KIO)ဌာနချုပ် လိုင်ဇာအနီး ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) တပ်ရင်း ၂၄ စခန်းချသည့် ဖွန်းပြင်ဘွမ်းတောင်ကုန်းကို သိမ်းပိုက်ရန်အတွက် အစိုးရစစ်တပ်မှ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၇ရက်နေ့မှ စတင်ပြီး ဖွန်းပြင်ဘွမ်းတောင်ကုန်းကို အစိုးရမှ မြေပြင်နှင့် လေကြောင်း...
(၁၅)ကြိမ်မြောက် ကေအဲန်ယူ ကွန်ဂရက်နှင့် ပတ်သက်၍ ပြည် ပရောက် ကရင်လူငယ်နှစ်ဦး၏ အမြင်
စောဒါးဘူ (မလေးရှား)
ငြိမ်းချမ်းရေးဖေါ်ဆောင်တဲ့နေရာမှာ သဘောထားကွဲလွဲမှုတွေရှိခဲ့လို့ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရတဲ့ ဗိုလ်ချုပ်မူတူးစေးဖိုးအပေါ်ကို လည်း ဂယက်တွေ ရိုက်ခတ်သွားတာကို တွေ့ရပါတယ်။ အဲဒီတော့ လက်ရှိ KNU ထိပ်ပိုင်းခေါင်းဆောင်တွေဟာ ပြည်တွင်း ပြည်ပ ကရင်လူထုရဲ့ ယုံကြည်မှုကို ပြန်လည် တည်ဆောက်ယူဖို့ လူထုဆန္ဒခံယူပွဲ မလုပ်နိုင်သည့်တိုင်အောင် မှန်ကန်တဲ့ လုပ်...
KNU ခေါင်းဆောင်သစ်တို့နှင့် အစိုးရတို့ တွေ့ဆုံမှုအပေါ် KWAG ကျေနပ်
ဇန်နဝါရီလ ၈ရက်၊ ၂၀၁၃ခုနှစ်။ ဖိုးခွါးလေး (ကေအိုင်စီ)
မကြာသေးမီက အသစ်တက်လာသည့် ကရင်အမျိုးသားအစည်းအရုံး-KNU ထိပ်ပိုင်းခေါင်းဆောင်သစ်တို့အား မြန်မာအစိုးရ သမ္မတဦးသိန်းစိန်မှ ဖိတ်ကြား၍ တွေ့ဆုံခဲ့မှု အပေါ် ကျေနပ်မိကြောင်း ကရင်အမျိုးသမီးများ ဖွံ့ဖြိုး ရေးအဖွဲ့- KWAG က ယနေ့ ပြောကြားလိုက်သည်။
KWAG ဒါရိုက်တာ နော်စူစဲနာလှလှစိုးက “ယခု...
ခိုင်မာသည့် အပစ်အခတ်ရပ်စဲရေး တည်ဆောက်ရန် KNU နှင့် အစိုးရတပ်ချုပ်တို့ ဆွေးနွေး
ဇန်နဝါရီလ ၇ရက်၊ ၂၀၁၃ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
ကရင့်အမျိုးသားအစည်းအရုံး-KNU ထိပ်ပိုင်းခေါင်းဆောင် များသည် မြန်မာ့တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ယမန်နေ့ က နေပြည်တော်၊ ဘုရင့်နောင်ရိပ်သာတွင် တွေ့ဆုံ ခဲ့ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အစိုးရအကြား ခိုင်မာသည့်အပစ်အခတ်ရပ်စဲရေး တည်ဆောက်ရန် KNU ဘက်က တင်ပြဆွေးနွေးခဲ့သည်။
KNU...
ကချင်ဒေသ ပဋိပက္ခ ဝိုင်းဝန်းဖြေရှင်းပေးရန် NLD ကို EHRN တိုက်တွန်း
ဇန်နဝါရီလ ၇ရက်၊ ၂၀၁၃ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ကချင်ဒေသတွင် လက်ရှိ ဖြစ်ပွားနေသည့် ပဋိပက္ခများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD အနေဖြင့် မြန်မာနိုင်ငံရှိ နိုင်ငံ ရေးပါတီများနှင့် ပူပေါင်းပြီး ဝိုင်းဝန်းဖြေရှင်းပေးရန် ထိုင်း-မြန်မာနယ်စပ်အခြေစိုက် တိုင်းရင်းသား လူ့အခွင့်အရေးကွန်ယက် (မြန်မာနိုင်ငံ)-EHRN မှ ယနေ့ ပြောကြားလိုက်သည်။
EHRN တာဝန်ခံ ကိုယောနက...
KNU ကရင်အမျိုးသားအစည်းအရုံး အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းနှင့် ကရင်သတင်းဌာန (ကေအိုင်စီ) တွေ့ဆုံမေးမြန်းချက်
KIC - ၁၅ကြိမ်မြောက် ကွန်ကရက်အပြီးနောက်ပိုင်း ကေအဲန်ယူရဲ့ ရပ်တည်ချက်နဲ့ ရှေ့ဆက် ဦးတည်ဆောင်ရွက်မဲ့ လုပ်ငန်းစဉ် တွေကို ပြောပြပေးပါလား။
ပဒိုစောကွယ်ထူးဝင်း - စည်းလုံးညီညွတ်မှုဟာ ကျနော်တို့ ရှေ့ဆက်လုပ်ငန်းစဉ်အတွက် အရေးကြီးဆုံးဖြစ်တယ်။ ကျနော်တို့ မြန်မာနိုင်ငံ အစိုးရအနေနဲ့လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးတွေကိုလည်း လုပ်မယ်။...
ကချင်ဒေသတိုက်ပွဲ ရပ်တန့်ရန် သမ္မတကို KNU ခေါင်းဆောင်များ တိုက်တွန်း
ဇန်နဝါရီလ ၅ရက်၊ ၂၀၁၃ခုနှစ်။ ဖိုးခါွးလေး (ကေအိုင်စီ)
လက်ရှိ တိုက်ပွဲပြင်းထန်နေသော ကချင်ဒေသတွင် ပစ်ခတ်မှုများ ရပ်တန့်ရေး လုပ်ဆောင်သွားနိုင်ရန်အ တွက် နေပြည်တော်သို့ ရောက်ရှိနေသည့် KNU ခေါင်းဆောင် များက သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့ကို ယနေ့တွေ့ဆုံရာတွင် တိုက်တွန်းပြောဆိုခဲ့ သည်။
“ကချင်တိုက်ပွဲကို ရပ်နိုင်ဖို့က ဘယ်လိုကြိုးစားဆောင်ရွက်သွားမလဲဆိုတာကို ကျနော်တို့...
KNU တပ်မဟာ(၂)နယ်မြေရှိ အစိုးရတပ်စခန်း ၃ခုတွင် အစိုးရ စစ်ရဟတ်ယာဉ် သွားရောက်
ဇန်နဝါရီလ ၅ရက်၊ ၂၀၁၃ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ် သံတောင်မြို့နယ် ကရင်အမျိုးသား အစည်းအရုံး-KNU တောင်ငူခရိုင်၊ တပ်မဟာ (၂)အတွင်းရှိ မြန်မာအစိုးရတပ် စခန်း ၃ခုတွင် ယခုရက်ပိုင်း ၌ အစိုးရစစ်ရဟတ်ယာဉ် တစ်စီး သွားရောက်ခဲ့သည်ဟု အဆိုပါဒေသမှ လာသည့် သတင်းအရ သိရသည်။
အစိုးရ၏ ယင်းစစ်ရဟတ်ယာဉ်သည်...





