Home Authors Posts by Hay Htoo

Hay Htoo

3506 POSTS 0 COMMENTS

တိုက်ပွဲ‌ကြောင့် မြိုင်ကြီးငူ ‌ဒေသခံ ထွက်‌ပြေးတိမ်း‌ရှောင်‌နေရ

ဧပြီလ ၂၉ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ) ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူရွာတွင် ဒီမိုက‌ရေစီ ကရင်အကျိုးပြုတပ်မ‌တော်(DKBA)နှင့် နယ်ခြား ‌စောင့်တပ်(BGF)တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲ‌ကြောင့် ‌ဒေသခံလူထုများ ‌နေအိမ်စွန့်ခွါကာ ထွက်‌ပြေးတိမ်း ‌ရှောင်‌နေရသည်ဟု မြိုင်ကြီးငူ ‌ဒေသခံများ၏ ‌ပြောပြချက်အရ သိရသည်။ မြိုင်ကြီးငူတွင် ဧပြီ ၂၇ ရက်‌နေ့မှစ၍...

မြိုင်ကြီးငူတွင် DKBA နှင့် BGF တိုက်ပွဲဖြစ်

ဧပြီလ ၂၈ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ) ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူရွာ ဘုန်းကြီး‌ကျောင်းရှိ ဒီမိုက‌ရေစီ ကရင်အကျိုးပြုတပ်မ‌တော် (DKBA)ကို နယ်ခြား‌စောင့်တပ်(BGF) မှ ယ‌နေ့မနက် ၉နာရီတွင် တကြိမ်၊ ည‌နေ ၄နာရီ‌ကျော်တွင် တကြိမ် သွား‌ရောက်ပစ်ခတ်၍ တိုက်ခိုက်ဖြစ်ပွားခဲ့သည်ဟု မြိုင်ကြီးငူ သတင်းရပ်ကွက်အရ သိရသည်။ BGF...

ဒုက္ခသည်ဆိုင်ရာကိစ္စ ‌ဆွေး‌နွေးရန် KRC ဥက္ကဌ နှင့် စခန်း‌ကော်မတီ ဝင်အချို့ ဖားအံသွား

ဧပြီလ ၂၆ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ) ကရင်ပြည်နယ်နယ်စပ်‌ရေးရာနှင့် လုံခြုံ‌ရေးဝန်ကြီး ဗိုလ်မှူးကြီး‌အောင်လွင်၏ ဖိတ်ကြားချက်အရ ဒုက္ခသည်ဆိုင် ရာကိစ္စများကို ‌ဆွေး‌နွေးရန် ကရင်ဒုက္ခသည်‌ကော်မတီ(KRC) ဥက္ကဌ ‌စော‌ရောဘတ်‌ထွေးနှင့် ဒုက္ခသည် စခန်း ‌ကော်မတီဝင် နှစ်ဦးတို့သည် ဖားအံမြို့သို့ သွား‌ရောက်ခဲ့သည်ဟု KRC မှ ယမန်‌နေ့က ထုတ်ပြန်ထားသည်။ ဗိုလ်မှူးကြီး‌အောင်လွင်သည်...

ဖာပွန်မြို့နယ်အတွင်းတွင် အတင်း အဓမ္မ ခိုင်း‌စေမှုများ ဆက်လက်ဖြစ် ပွား

ဧပြီလ ၂၅ ရက်၊ ၂၀၁၃ ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ) ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌နေဆဲကာလတွင် ကရင်ပြည်နယ် ဖာပွန်မြို့နယ်ရှိ ‌ကျေးရွာအချို့တွင် ကရင်နယ်ခြား ‌စောင့်တပ်-BGF မှ ‌ဒေသခံများကို အတင်းအဓမ္မ လုပ်အား‌ပေးခိုင်း‌စေမှုများ ပြု လုပ်‌နေ‌သေး‌ကြောင်း ကရင် လူ့အခွင့်အ‌ရေးအဖွဲ့(KHRG)က ထုတ်ပြန်ထားသည်။ ဖာပွန်မြို့နယ် အ‌ခြေစိုက် ၁၀၁၃...

ဘားအံမြို့ အနီးတစ်ဝိုက် ‌သောက် သုံး‌ရေ ပြတ်လပ်သည့် ‌ကျေးရွာ များသို့ စု‌ပေါင်း‌ရေလှူဒါန်း

ဧပြီလ ၂၅ရက်၊ ၂၀၁၃ခုနှစ်။ ‌စောထွန်းလင်း (‌ကေအိုင်စီ) ‌နွေရာသီအတွင်း အပူချိန်မြင့်တတ်မှု‌ကြောင့် ဘားအံမြို ့အနီးတစ်ဝိုက်ရှိ ‌သောက်သုံး‌ရေ ပြတ်လပ်‌နေ သည့် ‌ကျေးရွာများသို ့ဘားအံမြို့ မိမြို့ဖအချို့နှင့် နိုင်ငံ‌ရေးပါတီအချို့ ဦး‌ဆောင်၍ ယမန်‌နေ့(ဧပြီလ ၂၃ရက်‌နေ့)က စု‌ပေါင်း‌ရေသွား‌ရောက်လှူဒါန်းခဲ့‌ကြောင်း သတင်းရရှိသည်။ လက်ရှိ ‌ရေပြတ်လပ်‌နေသည့် သံလွင်မြစ်အ‌နောက်ဖက် ရွာများဖြစ်သည့် နန့်ကုန်းရွာ၊...

ကရင်လူငယ်အစည်းအရုံး (ကိုးရီးယားဌာနခွဲ) ဥက္ကဌ ဖမ်းဆီးထိန်းသိမ်းခံရ

ဧပြီလ ၂၄ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ) ‌တောင်ကိုးရီးယားနိုင်ငံအ‌ခြေစိုက် ကရင်လူငယ်အစည်း အရုံး(ကိုးရီးယားဌာနခွဲ)၏ ဥက္ကဌဖြစ်သူ ‌စောလှိုင်မျိုး သိမ်း(‌ခေါ်) မင်းမင်းသိမ်းကို ကိုးရီးယားအစိုးရမှ တရားမဝင်အလုပ်လုပ်သည်ဟူ၍ လက်ရှိ အင်ချွန်းပြည်နယ်၊ အင်ချွန်း လူဝင်မှုကြီးကြပ်‌ရေးဌာနတွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု သိရသည်။ ‌စောလှိုင်မျိုးသိမ်းသည် ဒုက္ခသည်အဖြစ် ‌တောင်ကိုးရီးယားအစိုးရထံသို့ နိုင်ငံ‌ရေးခွင့်ခိုလှုံခွင့်‌တောင်းခံထားသူ ဖြစ်ပြီး ဥပ‌ဒေအရ...

တိုင်းလိုင်အမည်ဖြင့် တရားဝင် အသိအမှတ်ပြုနိုင်ရန် ရှမ်းနီပါတီ ကြိုးပမ်း‌ဆောင်ရွက်သွားမည်

ဧပြီ ၂၃ရက်၊ ၂၀၁၃ခုနှစ်။ ‌စောထွန်းလင်း (‌ကေအိုင်စီ) စစ်ကိုင်းတိုင်း‌ဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်‌အောက်ပိုင်း‌ဒေသများတွင် အများဆုံး‌နေထိုင်သည့် တိုင်းလိုင်(ရှမ်းနီ)တိုင်းရင်းသားများကို ယင်းအမည်မှန်ဖြင့် တရားဝင်အသိအမှတ်ပြု အမျိုးသားမှတ်ပုံတင်ထုတ် ‌ပေးနိုင်‌ရေးအတွက် တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတတ်‌ရေးပါတီ(TNDP)က ကြိုးပမ်း‌ဆောင်ရွက်သွား မည်ဟု သိရသည်။ မြန်မာနိုင်ငံတွင် အစိုးရတရားဝင်ထုတ်ပြန်ထားသည့် တိုင်းရင်းသား ၁၃၅ မျိုးတွင် ၎င်းတို့ကို ရှမ်းက‌လေးဟု သတ်မှတ်ထားသလို လက်ရှိတွင်...

ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းလိုက် သည့်အ‌ပေါ် EU ကို UNFC ‌ဝေဖန်

ဧပြီလ ၂၃ ရက်၊ ၂၀၁၃ ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ) ဥ‌ရောပသမဂ္ဂ အလံ ဥ‌ရောပသမဂ္ဂ(EU)မှ မြန်မာနိုင်ငံအ‌ပေါ် လက်နက်‌ရောင်းဝယ်မှုမှလွဲ၍ ဒဏ်ခတ်ပိတ်ဆို့မှု အားလုံးရုပ်သိမ်း‌ပေး ခြင်းမှာ ‌စောလွန်း‌နေ‌သေး‌ကြောင်း ညီညွတ်‌သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်‌ကောင်စီ(UNFC)က ယ‌နေ့ ‌ဝေဖန်‌ပြောကြားလိုက်သည်။ ယမန်‌နေ့ ဧပြီလ ၂၂ရက်‌နေ့၌ ဥ‌ရောပရှိ လူဇင်ဘတ်နိုင်ငံ၌ ပြုလုပ်သည့်...

မယ်ရာမိုနှင့် မယ်လအူး ဒုက္ခသည် များ ဂျပန်နိုင်ငံ ခိုလှုံခွင့်‌လျှောက်နိုင် ပြီ

ဧပြီလ ၂၂ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ) ထိုင်း-မြန်မာနယ်စပ် မဲ‌ဟောင်‌ဆောင်ခရိုင်အတွင်းရှိ မယ်ရာမိုနှင့် မယ်လအူးဒုက္ခသည်စခန်းတို့တွင် ဂျပန်နိုင်ငံသို့ သွား‌ရောက် အ‌ခြေချလိုသူများ ရှိပါက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး-UNHCR က ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထား သည့် လက်မှတ်ရှိထားသူ မည်သူမဆို ‌လျှောက်ခွင့်ပြုလိုက်ပြီဟု သိရသည်။ ပြီးခဲ့သည့် မတ်လကုန်ပိုင်းက...

စကားလုံးကုန်သွားတဲ့ ‌ကောင်းကင် (ကဗျာ)

(လကင်္ာဒီပ) ဘာများကျန်‌သေးလို့တုန်း ‌ရွှေတုံး‌ငွေတုံး ကျွန်းသစ်တုံး ထုံး‌ကျောက် ခ‌နောက်စိမ်း ရာခပ်သိမ်းလည်း က‌လော်လို့ကုန်ပြီ။ ဘာများကျန်‌သေးလို့တုန်း ဘုန်း‌တောက်တဲ့ ဆရာ‌တော်ရုပ်ကလပ်‌တွေ ‌ရွှေကြာပင်‌ခေါင်း‌ဆောင်ကြီး‌တွေ ပ‌ဒေသာပင်ကြီး‌တွေ တ‌ဖောင်‌ဖောင် ‌ခေါင်း‌ထောင်လာတာမှန်သမျှ ‌ခြွေချနာမ်နှိမ်ထားတာ‌တွေ ကရင်‌တွေဇာတိမာန် ခက်ထန်လာမှာစိုးသတဲ့လား။ ဘာများကျန်‌သေးလို့တုန်း အုတ်အုတ်ကျက်ကျက် ရန်မီးပွားကြ‌စေ‌ရေး ဘာသာ‌ရေးထိုးခွဲပျက်ယွင်း ဇာတ်တူချင်းစားတတ်‌အောင်လမ်းထွင် ကရင်‌တွေ မညီညာမှသာ ဒင်းတို့‌နေရာမြဲမယ် ဆိုကြသတဲ့။ ဘာများကျန်‌သေးလို့တုန်း တစ်သက်လုံး ကျွန်သာသာဖြစ်‌စေချင်တဲ့ ပညာမဲ့လူတန်းစား စာ‌ပေများမဲ့လူရမ်းကား ဓ‌လေ့များမဲ့သူဖုန်းစား ကရင်များ တဖြုတ်ပြီးတဖြုတ် ကျူငုတ်‌တောင်မကျန်‌စေချင်တဲ့စကား မှတ်မှတ်သားသား အ‌မွေထားခဲ့ကြတယ်။ ဘာများကျန်‌သေးလို့တုန်း ပျက်သုဉ်းယွင်း‌ပျောက်‌အောင် ကြံစည် ရခိုင်ပြည်နယ်စပ်က‌နေ ဧရာ ပဲခူးရိုးမ ‌မြေလတ်ပါမကျန် အဖန်ဖန် နယ်ချဲ့သိမ်းပိုက်ယူငင် သံလွင်နဲ့ တနသင်္ာ ‌ပြေးစရာ‌မြေမကျန်‌အောင်ပြု ခုထိ ကရင်‌တွေများ သ‌ဘောထားကြီး‌နေကြတုန်း။ ခုလည်းကြည့်‌လေ ပူးကပ်နူးနှပ်‌နေလိုက်ကြတာ ယမကာကြိုက်ကြီး‌တွေ...
Donate