Home Authors Posts by Hay Htoo

Hay Htoo

3506 POSTS 0 COMMENTS

KNU ၏ ‌မြေယာ‌ပေါ်လစီ ကိစ္စ မြန်မာအစိုးရကို တင်ပြ‌ဆွေး‌နွေးသွားမည်

ဇူလိုင်လ ၂၆ ရက်၊ ၂၀၁၃ ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ) ကရင်အမျိုးသားအစည်းအရုံး(KNU)ထိန်းချုပ် နယ်‌မြေအတွင်း ကရင်လူထုမှ ပိုင်ဆိုင်ခွင့် ရှိသည့် လယ်ယာ‌မြေများကို ကာကွယ်ရန် ၎င်းတို့ချမှတ်ထား‌သော ‌မြေယာ‌ပေါ်လစီကို ပိုမိုပြည့်စုံခိုင်မာမှုရှိ‌အောင် ပြုလုပ်ပြီး အစိုးရထံသို့ တင်ပြ‌ဆွေး‌နွေးသွားမည်ဟု KNU က ‌ပြောကြားလိုက်သည်။ ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့တွင် ဇူလိုင်လ...

၂၀၀၈ ဖွဲ့စည်းပုံကို စွဲကိုင်ပြီး ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် အတွင်း ‌ဒေါ်စုဝင်လာပါက KNU လက်ခံဖွယ်မရှိ

ဇူလိုင်လ ၂၆ရက်၊ ၂၀၁၃ခုနှစ်။ ‌တော်ဝင်ပန်း လက်ရှိ ပြည်သူ့လွှတ်‌တော် တရားဥပ‌ဒေ စိုးမိုး‌ရေးနှင့် တည်ငြိမ်‌အေးချမ်း‌ရေး‌ကော်မတီ ဥက္ကဌ ‌ဒေါ်‌အောင်ဆန်စုကြည်သည် တည်ဆဲဥပ‌ဒေဖြစ်‌သော ၂၀၀၈ ဖွဲ့စည်းပုံကို စွဲကိုင်ကာ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး လုပ်ငန်းစဉ်အတွင်း ဝင်လာပါက ကရင်အမျိုးသားအစည်းအရုံး(KNU)အ‌နေဖြင့် လက်ခံနိုင်ဖွယ်မရှိ‌ကြောင်း KNU ၏ ဗဟို‌ကော်မတီဝင် တစ်ဦးဖြစ်သူ ဗဒိုမန်းငြိမ်း‌မောင်က...

အသိမ်းခံ‌မြေများကို ပြန်လည် လုပ်ကိုင်ခွင့်ရရှိရန် ‌ဒေသခံများ ကို မြန်မာစစ်တပ်ကမ်းလှမ်း

ဇူလိုင်လ ၂၅ရက်၊ ၂၀၁၃ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ) ‌တောင်ငူမြို့နယ် သံ‌တောင်ကြီး(‌တောင်စခန်း) မြို့ရှိ ‌တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်‌အောက်ခံ ဘုရင့်‌နောင် ကြည်း၊ ‌ရေ၊ ‌လေ တိုက်ခိုက်‌ရေးသင်တန်း‌ကျောင်းမှ သိမ်းယူ ထား‌သော ‌တောင်ယာများကို ပြန်လည် လုပ်ကိုင်လိုသည့် ‌ဒေသခံများအ‌နေဖြင့် လာ‌ရောက်စာချုပ်ချုပ်ဆိုရန် ၎င်းစစ်တပ်က ကမ်းလှမ်းထားသည်ဟု သိရသည်။ “စိုက်ပျိုး‌ရေးလုပ်ငန်းများလုပ်ကိုင်ခွင့်...

နိုင်ငံ‌ရေးမူ တစ်ခုတည်း‌အောက်၌ အမျိုးသား‌ရေး‌ဆောင်ရွက် သွားရန် ကရင်လက်နက်ကိုင် အဖွဲ့များ သ‌ဘောတူ

ဇူလိုင်လ ၂၄ ရက်၊ ၂၀၁၃ခုနှစ်။ ‌တော်ဝင်ပန်း နိုင်ငံ‌ရေးမူ တစ်ခုတည်း‌အောက်၌ အမျိုးသား‌ရေးကို ‌ဆောင်ရွက်သွားရန် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒီမိုက‌ရေစီ ကရင်အကျိုးပြုတပ်မ‌တော် (DKBA)နှင့် KNU/KNLA ငြိမ်းချမ်း‌ရေး‌ကောင်စီ လက်နက်ကိုင် ၃ ဖွဲ့တို့က သ‌ဘောတူခဲ့ကြသည်ဟု စုံစမ်းသိရှိရသည်။ ကရင်ပြည်နယ် မြဝတီမြို့၌ ယမန်‌နေ့ ဇူလိုင်လ ၂၃ရက်‌နေ့က ကရင်လက်နက်ကိုင်အဖွဲ့များ...

‌ကော့ကရိတ်မြို့နယ်၊ မဲ့ကနဲ ရွာအနီးရှိအသိမ်းခံရသည့် ‌မြေ ယာများ‌လျော်‌ကြေးပြန်ရ

ဇူလိုင်လ ၂၄ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ) ကရင်ပြည်နယ်၊ မြဝတီခရိုင် ကရင်အမျိုးသား အစည်းအရုံး(KNU)ထိန်းချုပ်နယ်‌မြေ ‌ကော့ ကရိတ်မြို့နယ်၊ မဲ့ကနဲ ‌ကျေးရွာအနီးရှိ အသိမ်းခံရသည့် ‌ဒေသခံပိုင် ‌မြေယာ ဧကများကို နယ်ခြား‌စောင့်တပ်(BGF) မှ မြန်မာကျပ်‌ငွေ သိန်း ၁၀ဝ ‌ကျော်ဖြင့် ‌လျော်‌ကြေး ပြန်‌ပေးလိုက်ပြီ...

မူလပိုင်‌မြေများ ပြန်လည်ရရှိရန် ပြင်ဆင်‌နေစဉ် အတွင်း အစိုးရစစ်တပ်မှ ဆိုင်းဘုတ်လာ ‌ရောက်စိုက်ထူ

ဇူလိုင်လ ၂၄ရက်၊ ၂၀၁၃ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ) ‌တောင်ငူခရိုင် ထန်းတစ်ပင် မြို့နယ်အတွင်းရှိ ဘိုးဘွားပိုင် လယ်‌မြေများအားမူလပိုင်ရှင်များမှ ပြန်လည်၍ ပိုင် ဆိုင်ခွင့်ရရန် ပြင်ဆင်‌နေစဉ်အတွင်း စစ်တပ်ပိုင်‌မြေဖြစ်‌ကြောင်း ပြီးခဲ့သည့် ဇူလိုင် ၂ဝ ရက်‌နေ့က အစိုးရစစ်တပ် မှ လာ‌ရောက် ဆိုင်းဘုတ်စိုက်ထူခဲ့မှုများရှိသည်ဟု ‌ဒေသခံရွာသားများ၏ ‌ပြောပြချက်အရ...

တိုင်းရင်းသားကိစ္စ အ‌ရေးကြီး‌ကြောင်း PSDP နှင့် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် ဒု-အတွင်းဝန်‌ပြောဆို

ဇူလိုင်လ ၂၁ရက်၊ ၂၀၁၃ခုနှစ်။ ‌စောညွှန့်‌သောင်း (‌ကေအိုင်စီ) မြန်မာ့နိုင်ငံ‌ရေးတိုးတက်‌ပြောင်းလဲမှုတွင် တိုင်းရင်းသားအ‌ရေးကိစ္စသည် အ‌ရေးကြီး သည့် ကဏ္ဍတွင် ပါဝင်‌ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန်ဒုတိယအတွင်းဝန် ဂျိုးဇက်ဖစ်ရှား(‌ခေါ်) ကို‌နေထူးက ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ(PSDP)နှင့် ‌တွေ့ဆုံရာ တွင် ‌ပြောကြားလိုက်သည်။ ယခု ဇူလိုင်လ ၂၁ရက်‌နေ့က ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊...

အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှု တားမြစ်‌ရေး ကိုပါ Geneva Call နှင့် KNU စာချုပ်ခဲ့

ဇူလိုင်လ ၂၃ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ) လက်နက်ကိုင်ပဋိပက္ခများ‌ကြောင့် က‌လေးများအ‌ပေါ် ထိခိုက်သက်‌ရောက်မှုအပြင် အမျိုးသမီးများအ‌ပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားမြစ်ခြင်းနှင့် ဖိနှိပ်ဆက်ဆံခြင်း အဆုံးသတ်‌ရေး သန္ဓိဌာန်ပြုသည့် နားလည်မှု စာချွန်လွှာတစ်ရပ်ကို ဇူလိုင်လ ၂၁ရက်‌နေ့က ကရင်အမျိုးသားအစည်းအရုံး(KNU)သည် ကုလသမဂ္ဂမှ ဖွဲ့စည်းထား‌သော Geneva Call အဖွဲ့ချုပ်နှင့် သ‌ဘောတူ...

ပညာကြိုးစားကြရန် လူငယ်များကို အဆို‌တော် ချမ်းချမ်း တိုက်တွန်း

ဇူလိုင်လ ၂၃ရက်၊ ၂၀၁၃ခုနှစ်။ ‌စော‌သောကြာ (‌ကေအိုင်စီ) နိုင်ငံတစ်ခုကို ဦး‌ဆောင်မည့်သူသည် ပညာတတ်ဖြစ်ရမည်ဖြစ်ပြီး လူငယ်များအ‌နေဖြင့် ပညာကြိုးစားကြရန် နာမည်‌ကျော် ‌ပေါ့ပ် အဆို‌တော် ချမ်းချမ်းက ဆင်းရဲနွမ်းပါး‌ကျောင်းသား လူငယ်များ၏ ဘဝမြှင့်တင်‌ရေး ရံပုံ‌ငွေ အနုပညာ‌ဖျော်‌ဖြေပွဲ ယ‌နေ့ပြုလုပ် သည့် သတင်းရှင်းလင်းပွဲတစ်ခု၌ ‌ပြောကြားသွားခဲ့သည်။ ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံလမ်းရှိ City...

ချည်ဖြူဖွဲ့လွမ်းခြင်း

(လကင်္ာဒီပ) ကိုးကွယ်ယုံကြည်မှုမပါ ဒါဟာ အမျိုးသားလက္ခဏာ ကမ္ဘာမှာ ကရင်သာပြုတဲ့အမှု သုခုမအနုပညာတခုပါ သာယာကြည်နူးဖွယ်များ ရှားပါးတဲ့ ရိုးရာကိုသယ်‌ဆောင် ဟို‌တောင်‌ပေါ်‌မြေပြန့်ပါမကျန် ဒီသဏ္ဍာန် ဒီပြယုဂ် ထုတ်‌ဖော်ကြဖို့ အချိန်တန်ပြီ‌လေ။ ထိဆဲ့မဲ့ရွား သဲ‌ချောင်းဖျားကစခဲ့တဲ့နွယ် တကယ်ကိုနူးညံ့သိမ်‌မွေ့ မ‌နော‌တွေ့‌စေဖွယ် ညီရယ် ‌နောင်ရယ်ပြန်ဆုံမယ် လာလာကွယ်ရွှင်ပြုံးပြုံး ချည်ဖြူထုံးဖွဲ့ကြစို့ရယ်။ ‌လေနှင်ရာသွား ကိုးဒီ‌သွေးတို့ကမ္ဘာ ဆုံဆည်းရာတ‌နေရာ မညှာတာမိုးစက်များ ခါးသီးစိမ့်စိမ့် ‌ဆောင်းနှင်းဒဏ် ‌လောကဓံ အပူလှိုင်း‌တွေ ‌ပြေ‌စေ‌ပျောက်‌စေ‌ဝေးလွင့်‌စေ လာလာ‌လေတို့‌တွေ ပြန်ဆုံမယ်‌လေ။ “ပလူးလာပလူးလာ” နာ‌ပျော်ဖွယ် တို့ဖိုးဖွားတို့ရဲ့အသံ အရံအတား အကာအဆီးတစ်ရာ ‌မေတ္တာနဲ့ ငြိမ်း‌ပေးတဲ့ဟန် ဆံဖြူသွားကျိုးအချစ်တိုးပြန် မိုးမှန် ‌လေမှန် ရာသီမှန် ကံကြမ္မာ‌ဖြောင့်ဖြူးဖို့အ‌ရေး ဆု‌တောင်း‌ပေးဟန် ပန်းချီကား စုတ်ချက်များခမ်းနားလှ‌ပေသကွယ်။ ‌ဪ...ဝါဆိုရယ်ဝါ‌ခေါင်ရယ် သ‌ပြေရယ် ‌ရေ‌ဖွေး‌ဖွေးရယ် တိမ်‌တွေရယ် မိုးသဲသဲရယ် နွယ်ယှက်လာအမှတ်တရရယ် မပြယ်‌သေးတဲ့ အလွမ်းဓါတ်ခံရယ် လည်ပတ်‌နေတဲ့ သံသရာကြားမယ် နင်ရယ် ငါရယ် ပါပီမရယ် ချည်ဖြူရယ် ထုံးဖွဲ့တဲ့ပွဲမယ် ပြန်ဆုံမယ် ‌မျှော်လင့်ချက်...
Donate