Hay Htoo
KNU နှင့် Geneva Call ကလေးစစ်သားနှင့် အမျိုး သမီးများ ကာကွယ်မှုဆို်င်ရာ ဝန်ခံမှုစာချုပ်မည်
ဇူလိုင်လ ၁၉ရက်၊ ၂၀၁၃ခုနှစ်။ (ကေအိုင်စီ)
ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ဆွစ်ဇလန်နိုင်ငံ အခြေစိုက် ကုလသမဂ္ဂမှ ဖွဲ့စည်းထားသော Geneva Call အဖွဲ့ချုပ် တို့သည် ကလေးစစ်သားနှင့် အမျိုးသမီး၊ ကလေးကာကွယ်ရေးဆိုင်ရာ ဝန်ခံမှု သန္ဓိဌာန် ပြု စာချွန်လွှာနှစ်ခုကို လာမည့် ဇူလိုင် လ ၂၁ရက်နေ့တွင် ဖားအံမြို့၌...
ပြည်လုံးကျွတ်အပစ်ရပ်ပြီး နိုင် ငံရေးဆွေးနွေးရန် KNU နှင့် RCSS/SSA ပူးတွဲထုတ်ပြန်
ဇူလိုင်လ ၁၉ရက်၊ ၂၀၁၃ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပြည်လုံး ကျွတ် အပစ်အခတ်ရပ် စဲရေး သဘောတူ လက်မှတ်ထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲ အဆင့်သို့ တက်လှမ်းရန် မြန်မာအစိုးရ အား တိုက်တွန်းသည့် ပူးတွဲကြေညာချက်တစ်စောင်ကို ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)တို့က ဇူလိုင်လ ၁၇ရက်နေ့က...
မြဝတီတွင် MOU စနစ် အသိပညာပေး ပြုလုပ်
ဇူလိုင်လ ၁၉ရက်၊ ၂၀၁၃ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)
ထိုင်းနိုင်ငံအတွင်းသို့ MOU စနစ်ဖြင့် ဝင်ရောက်အလုပ်လုပ်ကိုင်မည့် မြန်မာ အလုပ်သမားအတွက် ရည်ရွယ်ပြီး ထိုင်းနိုင်ငံရှေ့နေ များကောင်စီ ဥပဒေ အထောက်အကူပြုဌာန(LLC)နှင့် မြန်မာ အလုပ်သမားမျာအကူအညီ ပေးရေးအဖွဲ့နှစ်ဖွဲ့မှ ပထမဆုံးအကြိမ် အသိပညာပေးရေး အလုပ်ရုံဆွေးနွေးပွဲကို မြဝတီမြို့တွင် ယမန်နေ့က ပြုလုပ်ခဲ့သည်။
ဇူလိုင်လ...
အစိုးရနှင့် တွေ့ဆုံနေသော်ငြား စစ်ရေးလည်း ပြင်ဆင်ဖို့လိုဟု ဗိုလ်မှူးကြီးနယ်ဒါးမြပြောဆို
ဇူလိုင်လ ၁၆ရက်၊ ၂၀၁၃ခုနှစ်။ (ကေအိုင်စီ)
ကရင်အမျိုးသားအစည်းအရုံး (KNU)အနေဖြင့် နိုင်ငံရေးအရ အစိုးရနှင့် တွေ့ဆုံစကားပြောနေသည့် တချိန်တည်းတွင် စစ်ရေး ဘက်ကလည်း ပြင်ဆင်စရာ ရှိသည်များကို ပြင်ဆင်ရမည်ဖြစ်ကြောင်း ယနေ့ကျရောက်သည့် (၆၆)နှစ်မြောက် ကရင်အမျိုးသား ကာကွယ်ရေးတပ်မတော် KNDOနေ့တွင် KNDO၏ ယာယီဥက္ကဌဖြစ်သူ ဗိုလ်မှူးကြီးနယ်ဒါးမြက ပြောကြားခဲ့သည်။
ဗိုလ်မှူးကြီးနယ်ဒါးမြက“အခု...
အပစ်အခတ်ရပ်စဲရေးအပေါ် မူတည်၍ မြေမြှုပ်မိုင်းများရှင်း သွားမည်ဟု ကေအဲန်ယူပြော
ဇူလိုင်လ ၁၆ရက်၊ ၂၀၁၃ခုနှစ်။ တော်ဝင်ပန်း (ကေအိုင်စီ)
မြန်မာအစိုးရနှင့် ယုံကြည်မှု တည်ဆောက်နေသော အပစ်အခတ်ရပ်စဲရေး အခြေအနေအပေါ် မူတည်၍ ကရင်အမျိုးသား အစည်းအရုံး(ကေအန်ယူ) ထိန်းချုပ်နယ်မြေအတွင်းရှိ မြေမြှုပ်မိုင်းများကို ရှင်းလင်းသွားမည်ဟု ကေအဲန်ယူ အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက ယနေ့ ပြောကြားလိုက်သည်။
“အပစ်အခတ်ရပ်စဲရေး မခိုင်သေးတဲ့အပေါ် ကျနော်တို့ ထိန်းချုပ်နယ်မြေအတွင်းမှာ...
ထိုင်းနိုင်ငံ ဆိုင်ယွတ်မြို့ နယ်နေတိုင်းရင်းသားများနိုင်ငံ သားကဒ်ပြား ရရှိရန်ခက်ခဲနေ
ဇူလိုင်လ ၁၅ရက်၊ ၂၀၁၃ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင်၊ ဆိုင်ယွတ်မြို့ နယ် ဘောတီကျေးရွာတွင် နေထိုင်သည့် မြန်မာ နိုင်ငံ တိုင်းရင်းသားများအတွက် ထိုင်းဘုရင်မှ ထိုင်းနိုင်ငံသားကဒ် ပြုလုပ်ပေးရာတွင် ဘတ်ငွေ ၆ဝသာ ကုန်ကျသည်ဟု ထုတ်ပြန်ထားသော်လည်း သက်ဆိုင်ရာ အစိုးရဌာနများ၏ လာဘ်ပေးလာဘ်ယူမှုကြောင့် လက်တွေ့တွင်...
ငြိ်မ်းချမ်းရေးကောင်စီ တပ်ဖွဲ့ဝင်တစ်ဦးအား သထုံခရိုင်ရဲစခန်းမှ စွပ်စွဲဖမ်းဆီးနှိပ်စက်ခဲ့
ဇူလိုင်လ ၁၅ရက်၊၂၀၁၃ခုနှစ်။ စောညွန့်သောင်း (ကေအိုင်စီ)
မွန်ပြည်နယ်၊ ရေးမြို-ရန်ကုန် ရာဇာမင်း ခရီးသွားယာဉ်ကား ဓါးပြတိုက်မှုတွင် ပါဝင်သည်ဟု စွပ်စွဲပြီး ကေအဲန်ယူ/ကေအဲန် အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ နယ်မြေလုံခြုံရေးတာဝန်ခံတစ်ဦးကို သထုံခရိုင်ရဲစခန်းတွင် ရဲများက ဖမ်းဆီးထားကာ ညှင်း ပမ်းနှိပ်စက်မှုများ ပြုလုပ်ခဲ့သည်။
ဇွန်လ ၂၄ရက်နေ့က ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ထို့ကော်ကိုးဒေသ...
အရပ်သားတစ်ဦးအား ညှင်းပမ်းခဲ့သူ ဒုတပ်ရင်းမှူး ကို အရေးယူပေးရန် ကျူးလွန်ခံရသူက လိုလား
ဇူလိုင်လ ၁၁ရက်၊ ၂၀၁၃ခုနှစ်။ (ကေအိုင်စီ)
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့နယ်ခွဲ၊ ထီးသာဆောကျေးရွာရှိ အစိုးရစစ်တပ် ရှေ့တန်းစခန်းမှ ခြေလျင်တပ် ရင်း ခလရ(၃၀) ဒုတပ်ရင်းမှူးဗိုလ်မှူးဆန်းထွန်းနှင့်အဖွဲ့မှ အစိုးရဝန်ထမ်းတစ်ဦး၏ ခင်ပွန်းဖြစ်သူအား ညှင်းပမ်းနှိပ်စက်ခဲ့မှုနှင့် ပတ်သက်၍ အရေးယူပေးရန် နှိပ်စက်ခံရသူ၏ မိသားစုဘက်က လိုလားသည်။
ဖြစ်ပွားပုံမှာ ဇွန်လ ၂၆ရက်နေ့က...
အာရှအဆင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲ ယှဉ်ပြိုင်ရန် ကရင်ကာယအလှမယ် နန်းထက်ထက်လင်း ပဏာမ ရွေးချယ်ခံရ
ဇူလိုင်လ ၁ဝရက်၊ ၂၀၁၃ခုနှစ်။ စောထွန်းလင်း (ကေအိုင်စီ)
ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် ၄၇ကြိမ်မြောက် အာရှအဆင့် ကာယဗလနှင့် ကာယကြံခိုင်မှု ပြိုင်ပွဲသို ့ မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ရန် ကရင်ကာယအလှ မယ် နန်းထက်ထက်လင်းကို ပဏာမရွေးချယ်ထားကြောင်း မြန်မာနိုင်ငံ ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်က ပြောသည်။
လာမည့်ဩဂုတ် ၂၈ရက်နေ့တွင်...
ပြည်သူ့လွှတ်တော်တွင် အတည်ပြုလိုက်သည့် ပုံနှိပ်၊ ထုတ်ဝေ ဥပဒေကြမ်းကို BNI ကန့်ကွက်
ဇူလိုင်လ ၁ဝရက်၊ ၂၀၁၃ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)
ပြည်သူ့လွှတ်တော်တွင် ဇူလိုင်လ ၄ရက်နေ့က အတည်ပြုလိုက်သည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်းသည် တိုင်းရင်းသားမီဒီယာများအပေါ်ထိန်းချုပ်လာနိုင် သည့်အတွက် တိုင်းရင်းသားမီဒီယာ အများစုဖြင့် ဖွဲ့စည်းထားသော နို်င်ငံတကာမြန် မာ့သတင်း (Burma News International - BNI)က ဇူလိုင်လ ၉ရက်နေ့တွင်...





