Home သတင်း အသိမ်းခံ‌မြေများကို ပြန်လည် လုပ်ကိုင်ခွင့်ရရှိရန် ‌ဒေသခံများ ကို မြန်မာစစ်တပ်ကမ်းလှမ်း

အသိမ်းခံ‌မြေများကို ပြန်လည် လုပ်ကိုင်ခွင့်ရရှိရန် ‌ဒေသခံများ ကို မြန်မာစစ်တပ်ကမ်းလှမ်း

1439
ဇူလိုင်လ ၂၅ရက်၊ ၂၀၁၃ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ)

‌တောင်ငူမြို့နယ် သံ‌တောင်ကြီး(‌တောင်စခန်း) မြို့ရှိ ‌တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်‌အောက်ခံ ဘုရင့်‌နောင် ကြည်း၊ ‌ရေ၊ ‌လေ တိုက်ခိုက်‌ရေးသင်တန်း‌ကျောင်းမှ သိမ်းယူ ထား‌သော ‌တောင်ယာများကို ပြန်လည် လုပ်ကိုင်လိုသည့် ‌ဒေသခံများအ‌နေဖြင့် လာ‌ရောက်စာချုပ်ချုပ်ဆိုရန် ၎င်းစစ်တပ်က ကမ်းလှမ်းထားသည်ဟု သိရသည်။

“စိုက်ပျိုး‌ရေးလုပ်ငန်းများလုပ်ကိုင်ခွင့် စာချုပ် ချုပ်ဆိုခြင်း”‌ခေါင်းစဉ်ဖြင့် စည်းကမ်းချက် (၄)ချက်ပါရှိသည့် ယင်းစာချုပ်ကို ယခု ဇူလိုင်လ ဒုတိယပတ်အတွင်းက ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်ဟု သံ‌တောင်ကြီး(‌တောင် စခန်းမြို့)ရှိ ခရစ်ယာန်အသင်းအုပ်ဆရာတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “အဲလို ကမ်းလှမ်းတဲ့‌နောက် အခုဆိုရင် ၂ ဦးက စာချုပ်ချုပ်လိုက်ပြီ။ ကျန်တဲ့သူ‌တွေက‌တော့ စဉ်းစား‌နေ ကြပါတယ်။ တကယ်ဆို စစ်တပ်ဟာ အခုလို ငြိမ်းချမ်း‌ရေးတည်‌ဆောက်‌နေတဲ့အခါမှာ မူလပိုင်ရှင်‌တွေကို ပြန်‌ပေးသင့်ပါတယ်“ဟု ‌ပြောဆိုသည်။

အဆိုပါ စစ်တပ်မှ ထိုသို့ ပြန်လည်လုပ်ကိုင်ခွင့်ပြု‌သော ‌တောင်ယာ‌မြေများ၏ မူလပိုင်ရှင်မှာ ကရင်လူမျိုးများဖြစ် ကြပြီး စုစု‌ပေါင်း‌မြေဧက ၄၀ဝ ရှိကာ မြို့၏ အ‌ရှေ့ ‌တောင်ဘက်နှင့် အ‌နောက်‌တောင်ဘက်ခြမ်းတွင် ရှိသည်ဟု ဘုရင့်‌နောင်စစ်တပ်၏ ကမ်းလှမ်းစာချုပ်တွင် ထည့်သွင်း‌ဖော်ပြထားသည်ဟု သိရသည်။

စာချုပ်ပါစည်းကမ်းချက်များနှင့်ပတ်သက်၍ ‌ဒေသခံတစ်ဦးကလည်း “ကျ‌နော်တို့ကို အချက် ၄ ချက်ပါတဲ့ စည်း ကမ်းနဲ့ စာချုပ်ချုပ်ဖို့ ‌ပြောပါတယ်။ စည်းကမ်း‌တွေထဲမှာ ဒီ‌တောင်ယာ‌မြေ‌တွေဟာ ‌မြေတိုင်းဦးစီးဌာန အသိ အမှတ်ပြုထားတဲ့ တပ်ပိုင်‌မြေဖြစ်တယ်။ တပ်က မလုပ်စား‌သေးသ၍ ‌ဒေသခံ‌တွေ လုပ်စားခွင့်ရမယ်။ တပ်ကို လည်း ဘာအဖိုးအခမှ မ‌ပေးရဘူး။ စာချုပ်ချုပ်တဲ့သူပဲ လုပ်စားခွင့်ရမယ်လို့ ‌ရေးထားတာပါ”ဟု ရှင်းပြသည်။

ယခင်က ထို‌နေရာများတွင် တပ်မိသားစုများမှ ဖာလာစိုက်ပျိုးကြပြီး တစ်ဧကလျှင် စိုက်ပျိုးကုန်ကျစာရိတ်ပျှမ်းမျှ ၃ သိန်းခန့်ရှိပြီး ဖာလာထွက်ရှိချိန်တွင် တစ်ဧကလျှင် ၁ဝ သိန်း နီးပါးရရှိ‌နေ‌သော ‌မြေ‌ကောင်းများဖြစ်သည်ဟု ‌ဒေသခံများက ဆိုသည်။

အစိုးရ၏ ဘုရင့်‌နောင်စစ်တပ်မှာ ၁၉၉၅ ခုနှစ်မှစတင်၍ သံ‌တောင်ကြီး(‌တောင်စခန်း)မြို့တွင် လာ‌ရောက်တပ်စွဲ ထားခြင်းဖြစ်ပြီး ‌ဒေသခံများပိုင်ဆိုင်‌သော ‌တောင်ယာ‌မြေများအား တဖြည်းဖြည်း ချဲ့ထွင်ကာ သိမ်းဆည်းခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။