Home ထိပ်တန်းသတင်း ကြားဖြတ်‌ရွေး‌ကောက်ပွဲတွင် မွန်ပါတီက တစ်‌နေရာသာ ဝင်ပြိုင်မည်

ကြားဖြတ်‌ရွေး‌ကောက်ပွဲတွင် မွန်ပါတီက တစ်‌နေရာသာ ဝင်ပြိုင်မည်

1967
ဇွန်လ ၇ရက်။ ‌ကေအိုင်စီ

ကြားဖြတ်‌ရွေး‌ကောက်ပွဲအတွက် မွန်‌ဒေသလုံးဆိုင်ရာ ဒီမိုက‌ရေစီပါတီက တစ်‌နေရာသာဝင်‌ရောက် အ‌ရွေးခံရန် ပြင်ဆင်ထား လျှက်ရှိ‌ကြောင်း မွန်‌ဒေသလုံးဆိုင်ရာ ဒီမိုက‌ရေစီပါတီက ‌ပြောသည်။

ကြားဖြတ်‌ရွေး‌ကောက်ပွဲ ကျင်းပမည့် ရက်အတိအကျကို ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က တရားဝင် မ‌ကြေငြာ‌သေးသည့်အတွက် ဝင်‌ရောက်အ‌ရွေးခံမည့် ပါတီ‌တွေက ပြင်ဆင်မှု‌တွေ ပြုလုပ်ထားကြပြီးဖြစ်သည်။

“ကြားဖြတ်‌ရွေး‌ကောက်ပွဲ ဝင်မယ်။ ဟုတ်တယ်။ တစ်‌နေရာပဲ ဝင်မယ်။ အများကြီး‌တော့ မဝင်နိုင်ဘူး။ ဝင်ဖို့လည်း ‌ငွေ‌ကြေး မတတ်နိုင်ဘူး၊ တစ်‌နေရာပဲ ဝင်မယ် အဲဒီ‌နေရာက ကြံ့ဖွံ့က‌နေ လစ်လပ်သွားတဲ့‌နေရာမှာ ဖြစ်တယ်။”ဟု မွန်‌ဒေသလုံးဆိုင်ရာ ဒီမိုက‌ရေစီပါတီ ဥက္ကဌ နိုင်‌ငွေသိန်းက ‌ပြောသည်။

ကြားဖြတ်‌ရွေး‌ကောက်ပွဲမှာ လာမည့် နိုဝင်ဘာလ‌လောက်မှသာ ဖြစ်နိုင်မည်ဟုလည်း နိုင်‌ငွေသိန်းက ဆက်‌ပြောသည်။

နိုဝင်ဘာ ၇ရက်‌နေ့ ‌ရွေး‌ကောက်ပွဲမှ ‌ရွေး‌ကောက်တင်‌မြှောက်ခံလိုက်ရသည့် လွှတ်‌တော်ကိုယ်စားလှယ်များထဲမှ လစ်လပ်သွား သည့် ကိုယ်စားလှယ်‌နေရာမှာ ပြန်လည် ‌ရွေး‌ကောက်တင်‌မြှောက်နိုင်ရန်အတွက် ကြားဖြတ်‌ရွေး‌ကောက်ပွဲ ပြုလုပ်ခြင်း ဖြစ် သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ‌ရွေး‌ကောက်ပွဲတွင် ‌မော်လမြိုင်မြို့နယ် ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ်‌နေရာ၌ အနိုင်ရရှိသွား သည့် ကြံ့ဖွံ့ပါတီမှ ဦး‌အေးမြင့်‌နေရာကို မွန်‌ဒေသလုံးဆိုင်ရာ ဒီမိုက‌ရေစီပါတီက ဝင်‌ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

မွန်‌ဒေသလုံးဆိုင်ရာ ဒီမိုက‌ရေစီပါတီအ‌နေနှင့် ကြားဖြတ်‌ရွေး‌ကောက်ပွဲအတွက် စည်းရုံး‌ရေးလုပ်ငန်းများ အပါအဝင် လိုအပ် သည့် ကြိုတင်ပြင်ဆင်မှုများလည်း ပြုလုပ်‌နေပြီး ဖြစ်သည်။

‌မေလ ၃၁ရက်‌နေ့မှ ဇွန်လ ၁ရက်‌နေ့ထိ ညီ‌နောင်တိုင်းရင်းသား ၅ပါတီအစည်းအ‌ဝေး၌လည်း ကြားဖြတ်‌ရွေး‌ကောက်ပွဲနှင့် ပတ် သက်၍ အဓိက အ‌ကြောင်းအရာတစ်ခုအဖြစ် ‌ဆွေး‌နွေးခဲ့ကြ‌ကြောင်း သိရသည်။

ထိုအစည်းအ‌ဝေးအပြီးတွင် ညီ‌နောင်တိုင်းရင်းသား ၅ပါတီမှ ထုတ်ပြန်လိုက်သည့် သ‌ဘောထားထုတ်ပြန်ချက်၏ နံပါတ်တစ် တွင် “မကြာခင်မှာ ပြုလုပ်မည့် ကြားဖြတ်‌ရွေး‌ကောက်ပွဲနှင့် အနာဂတ်‌ရွေး‌ကောက်ပွဲများတွင် ညီ‌နောင်ပါတီများက မိမိနှင့် သက်ဆိုင်သည့် ‌ဒေသများ၌ အပြည့်အဝ ယှဉ်ပြိုင်အ‌ရွေးခံမည်။ အခြားနယ်‌မြေ‌ဒေသများတွင်လည်း ညီ‌နောင်တိုင်းရင်းသား ၅ ပါတီအနက် ညီ‌နောင်တိုင်းရင်းသားပါတီ တစ်ပါတီမှ ပါဝင်ယှဉ်ပြိုင်မည်ဆိုပါက ကျန် ၄ပါတီမှ ယှဉ်ပြိုင်ခြင်းမပြုဘဲ ပူး‌ပေါင်းညှိ နှိုင်း ‌ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် အပြန်အလှန် ပံ့ပိုးကူညီသွားမည်။”ဟူ၍ ကြားဖြတ်‌ရွေး‌ကောက်ပွဲအတွက် ထုတ်ပြန် ထားသည်။

ညီ‌နောင်တိုင်းရင်းသား ၅ပါတီတွင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ မွန်‌ဒေသလုံးဆိုင်ရာ ဒီမိုက‌ရေစီပါတီ၊ ရခိုင် တိုင်းရင်းသားများ တိုးတက်‌ရေးပါတီ၊ ချင်းအမျိုးသားပါတီနှင့် ဖလုံ- စ‌ဝေါ်ဒီမိုကရက်တစ်ပါတီတို့ ပါဝင်သည်။