Home သတင်း လူကြိုက်များခဲ့သည့် ကရင်‌တေးသီချင်း‌ဟောင်းများကို VCD (Karaoke) အဖြစ် ပြန်လည်ထုတ်‌ဝေမည်

လူကြိုက်များခဲ့သည့် ကရင်‌တေးသီချင်း‌ဟောင်းများကို VCD (Karaoke) အဖြစ် ပြန်လည်ထုတ်‌ဝေမည်

4329

စက်တင်ဘာ ၁၄ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

တစ်‌ခေတ်တစ်ခါက လူကြိုက်များခဲ့သည့် ကရင်သီချင်း‌ဟောင်းများကို ယခု‌ခေတ်ပရိဿတ်များ ပြန်လည် နားဆင်နိုင်ရန် သက်ကြီး ကရင်‌တေးသံရှင်‌ဟောင်းများက ပြန်လည်သီဆိုပြီး လာမည့်‌အောက်တိုဘာလတွင် ထုတ်‌ဝေ‌တော့မည်ဟု သိရသည်။

ကက်ဆက်တိတ်‌ခွေဖြင့် လူကြိုက်များခဲ့သည့် သီချင်း‌ဟောင်းများကို ယခင်ကရင်ဇာတ်သဘင်ထဲမှ နာမည်ကြီး အနုပညာ ရှင်‌ဟောင်းများနှင့် တိတ်‌ခွေမှတစ်ဆင့် နာမည်ရခဲ့သည့် အသက် ၅ဝ ‌ကျော်နှင့် အသက် ၆၀‌ကျော် အဆို‌တော် ‌ဟောင်း များမှ ပြန်လည်သီဆိုမည်ဖြစ်ပြီး ယှာ.ပီပီ(သက်ကြီးများ) ‌ခေါင်းစဉ်နှင့် ကရင်ပရိဿတ်များထံ တစ်ဖန်ပြန်လည်ချပြ‌ပေး ခြင်းဖြစ်သည်ဟု ကရင်‌တေး‌ရေး၊ ‌တေးဆို ‌စောမူလျား‌ဝေါ် (စဝ်မူ.လာ.ဝဝ်)က ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဒီသီချင်း‌ခွေထဲမှာက မူရင်းသီဆိုတဲ့သူအချို့က ဆုံးသွားပြီး တစ်ချို့ က အသက် ၇၀‌ကျော် ၈ဝ ရှိပြီ။ အရင်က တိတ်‌ခွေနဲ့ ပဲသီချင်းဆိုတယ်ဆို‌တော့ အသက်ကြီးတဲ့ သူ‌တွေသာ သူတို့သီချင်း‌တွေကို ကြားဖူးမှာပါ ။ အရင်က နား‌ထောင်ဖူးတဲ့လူ ‌တွေလည်း ပြန်လည်သတိရလာ‌အောင် သီဆိုမယ့် အဆို‌တော်‌တွေကလည်း အသက်ကြီးတဲ့လူများ‌တော့ သူတို့လည်း မကြာခင်‌ပျောက်ဆုံးသွား‌တော့မယ် ။ သူတို့မ‌ပျောက်ဆုံးခင်သူတို့အတွက် အမှတ်တရ ကျန်ရှိ‌အောင် ပြန်ထုတ်‌ပေးတာ ” ဟု ‌စောမူလျား‌ဝေါ်(စဝ်မူ.လျာ.ဝဝ်)က ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုထုတ်လုပ်မည့် အ‌ခွေမှာ အနုပညာရှင်‌ဟောင်းများကို ပြန်လည်‌ဖော်ထုတ်သည့်အ‌နေဖြင့် နာမည်ကြီး ကရင် ‌တေး‌ရေး၊ ‌တေးဆို ‌စောမူလျား‌ဝေါ်(စဝ်မူ.လျာ.ဝဝ်) မှ ဦး‌ဆောင်ထုတ်လုပ်ပြီး ကရင်ရဟန်း‌တော်များအသင်းမှလည်း အဆိုပါ အ‌ခွေဖြစ်‌မြောက်ရန် ပါဝင်ကူညီထုတ်လုပ်‌ပေးသည်ဟု သိရသည်။

ပိုးကရင် သီချင်းများပါဝင်သည့် ယှာ.ပီပီ (သက်ကြီးများ) သီချင်း‌ခွေတွင် သီချင်း ၁၃ ပုဒ်ပါဝင်ပြီး တစ်ကိုယ်‌တော် သီဆိုမည့် သီချင်းများဖြစ်‌သော‌ကြောင့် ယခင်ကရင်အနုပညာရှင်‌ဟောင်း စုစု‌ပေါင်း ၁၃ဦးမှ သီဆိုမည်ဖြစ် ကာ DVD (Karaoke) အဖြစ် ထုတ်‌ဝေဖြန့်ချိသွားမည်ဟု သိရသည်။

ကရင်အနုပညာ‌လောကတွင် လူကြိုက်များ‌နေဆဲဖြစ်သည့် ကရင်ဒုံးယိမ်းအကနှင့် အကမျိုးမျိုးအပြင် ကရင်ပြဇာတ်၊ ကရင် ဇာတ်သဘင်၊ ‌တေးသီချင်းစသည်တို့ရှိခဲ့ပြီး ‌ခေတ်ကာလ‌ပြောင်းလဲမှုအရ ‌တေးသီချင်းပိုင်းတွင် တိတ်‌ခွေမှတစ်ဆင့် VCD/ DVDတို့ဖြင့် အနုပညာ ဖန်တီးထုတ်လုပ်မှုများ တဖြည်းဖြည်း ‌ပြောင်းလဲလာခဲ့ခြင်းဖြစ်သည်။