Home သတင်း ‌ကော့ကရိတ်မြို့နယ်တွင် အစိုးရတပ်ဖွဲ့ဝင်တစ်ဦး ‌မြေမြှုပ်မိုင်းထိမှန်

‌ကော့ကရိတ်မြို့နယ်တွင် အစိုးရတပ်ဖွဲ့ဝင်တစ်ဦး ‌မြေမြှုပ်မိုင်းထိမှန်

2139

‌ဖေ‌ဖော်ဝါရီ ၂၄ရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ

‌ကော့ကရိတ်မြို့နယ်ရှိ အစိုးရတပ် စစ်ကွပ်ကဲ‌ရေးဋ္ဌာနချုပ်-စကခ (၁၂)လက်‌အောက်ခံ ‌ခြေမြန်တပ်ရင်း-ခလရ(၅၄၇)နှင့် နယ် ခြား‌စောင့်တပ်-BGF (၁၀၁၇)တပ်ရင်းတို့မှ စု‌ပေါင်းတပ်ခွဲနှစ်ခွဲသည် ပျားပင်ကုန်းရွာမှ ‌ကောင်းမှုရွာဘက်သို့ တက်သွားစဉ် ‌မြေ မြှုပ်မိုင်းနင်းမိရာ ခလရ(၅၄၇)မှ တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိသွား‌ကြောင်း သိရသည်။

၎င်း‌ဒေသဘက်သို့ တက်သွား‌သော အဆိုပါ ပူး‌ပေါင်းတပ်တို့သည် ပျားပင်ရွာနှင့် ‌ကောင်းမှုရွာတို့အကြား ‌တောင်‌ခြေရင်းတွင် တပ်သားမင်းမင်းထိုက်ဆိုသူ ‌မြေမြှုပ်မိုင်းနင်းမိသွားခြင်းဖြစ်ပြီး ၎င်း၏ညာဘက်‌ခြေ‌ထောက်မှာ ဒဏ်ရာရရှိသွားခဲ့‌ကြောင်း အစိုးရ စစ်တပ်နှင့် နီးစပ်သူတစ်ဦးက ‌ပြောသည်။

အမည်မ‌ဖော်လိုသူ ထိုသူက “ဒဏ်ရာက ညာ‌ခြေ‌ထောက် ‌ကြေမွသွားတယ်။ ခန္ဓာကိုယ်အနှံ့မှာလည်း မိုင်းစ‌တွေ ထိမှန်တာကို ‌တွေ့ရတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ မိုင်းထိသည့်ကိစ္စနှင့် ပတ်သက်၍ မည်သည့်လက်နက်ကိုင်တပ်ဖွဲ့များ ‌ထောင်ထား‌သော ‌မြေမြှုပ်မိုင်းဖြစ်သည်ကို မည်သူ မျှ အတည်ပြုနိုင်ခြင်း မရှိ‌သေး‌ပေ။ ‌ကော့ကရိတ်မြို့နယ် ပျားပင်ကုန်းရွာ၊ ‌ကောင်းမှုရွာဘက်တွင် အစိုးရ လက်‌အောက်ခံ စစ်တပ် များ အပါအဝင် ကရင်လက်နက်ကိုင်တပ်ဖွဲ့များ သွားလာလှုပ်ရှားလျှက်ရှိ‌သော‌နေရာ ဖြစ်သည်။