Home သတင်း မြစ်ဝကျွန်း‌ပေါ် ‌ရေ‌ဘေး KSNG ကျပ်သိန်း ၅ဝ ခန် ့ပထမအကြိမ် သွား‌ရောက်ကူညီ‌ပေး

မြစ်ဝကျွန်း‌ပေါ် ‌ရေ‌ဘေး KSNG ကျပ်သိန်း ၅ဝ ခန် ့ပထမအကြိမ် သွား‌ရောက်ကူညီ‌ပေး

2380

ဩဂုတ် ၂ဝ ရက်၊ ၂၀၁၅ ခုနှစ်။ စအိုင်စူး

ထိုင်း-မြန်မာ နယ်စပ်အ‌ခြေစိုက် ကရင်‌ကျောင်းသားများ ကွန်ရက်အဖွဲ့ (KSNG)က လက်ရှိ ‌ရေကြီးမှုကို ဆိုးရွားစွာခံစား ‌နေရသည့် ဧရာဝတီတိုင်း‌ဒေသကြီး၊ ပုသိမ်ခရိုင်၊ သာ‌ပေါင်းမြို့နယ် မီး‌သွေးတိုင်‌ကျေးရွာအုပ်စုရှိ အိမ်‌ခြေ ၆၀ဝ ‌ကျော်ကို ကျပ်သိန်း ၅ဝ ဖိုးခန် ့ရှိ အစားအ‌သောက်နှင့် ပစ္စည်းများအား ဩဂုတ် ၁၇ မှ ၁၈ ရက်ထိ သွား‌ရောက် ကူညီ‌ပေးခဲ့သည်ဟု ကွန်ရက် ဒုဥက္ကဌ ‌နော်ဝါး‌ဖောက ‌ကေအိုင်စီသို ့‌ပြောသည်။

ထိုသို ့‌ရေ‌ဘေးအကူအညီ‌ပေးနိုင်‌ရေးအတွက် KSNG က ထိုင်း-မြန်မာ နယ်စပ်နှင့် အခြားပြည်ပနိုင်ငံများရှိ ကရင်လူမျိုးများ ထံမှ အလှူ‌ငွေများ‌ကောက်ခံစု‌ဆောင်းကာ ပထမဆုံးအကြိမ် လာ‌ရောက် ကူညီ‌ပေးခဲ့ခြင်းဖြစ်ပြီး ထပ်မံလာ‌ရောက်ကူညီရန် ဆန္ဒရှိသည်ဟု ကွန်ရက်တာဝန်ရှိသူများက ‌ပြောသည်။

“ ကျမတို့ အခု ပထမဦးဆုံးအကြိမ်‌ရောက်လာ‌တော့ ‌ဒေသခံ‌တွေ‌ပြောပြချက်အရ ဒီ‌ဒေသ‌တွေက နှစ်တိုင်းလိုလို‌ရေ‌တွေ တက်တယ်။ ဒါ‌ပေမဲ့ ဒီနှစ်မှာ ကျန်တဲ့နှစ်‌တွေထက် ‌ရေပိုကြီးတယ်လို့ ‌ပြောပြတယ်။ ကျမသာ ဒီ‌ဒေသ‌တွေမှာ ‌နေရမယ် ဆိုရင်ဘာမှ စား‌သောက်နိုင်မှာမဟုတ်လို့ ‌သေသွားနိုင်တယ်။ ဒါ‌ကြောင့်‌နောက်ဆိုရင်လည်း လာပြီးကူညီဖို့ ဆန္ဒရှိတယ်״ ဟု ကွန်ရက် ဒုဥက္ကဌ ‌နော်ဝါး‌ဖောက ‌ပြောသည်။

အဆိုပါ သာ‌ပေါင်းမြို့နယ်အတွင်း နှစ်စဉ်နှစ်တိုင်း ‌ရေကြီး‌လေ့ရှိပြီး ယခုနှစ်မှာ အဆိုးရွားဆုံးကြုံ‌တွေ့‌နေရကာ ‌ဒေသခံများ စားဝတ်‌နေ‌ရေး၊ ကျမ်းမာ‌ရေး၊ ပညာ‌ရေး စသည့် အခက်အခဲများကြုံ‌တွေ့‌နေရ‌ကြောင်း မီး‌သွေးတိုင်‌ကျေးရွာအုပ်စုမှူး ‌စော‌ဝေး‌လေစ‌ဝေါက ‌ပြောသည်။
DSC_0029
ထို ့အပြင် မီး‌သွေးတိုင်‌ကျေးရွာအုပ်စု၊ ‌ဘေးကာရွာ အမျိုးသမီး‌ခေါင်း‌ဆောင် ‌နော်‌လေး‌လေး‌ဖော “ အခု‌ရေ‌တွေကြီး‌နေ‌တော့ ကျမတို့အ‌နေနဲ့ ဘာကိုမှ လုပ်ကိုင်စား‌သောက်လို့မရဘူး၊ က‌လေး‌တွေ ‌ကျောင်းမတက်ရဘူး။ ‌နောက်နှစ်လ ‌လောက်ထိ ‌ရေမကျနိုင်‌သေးဘူး၊ ‌ရေ‌ပေါ်မှာပဲဆက်‌နေရ‌တော့ အကူအညီ‌တွေအများကြီးလိုတယ်။ အခုလို လာကူညီတဲ့ အတွက် အများကြီး ‌ကျေးဇူးတင်တယ်လို ့‌ပြောချင်တယ် ״ ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုနှစ် ဇူလိုင်လ ‌နောင်းပိုင်းမှစတင်ကာ မြန်မာနိုင်ငံအလယ်ပိုင်း‌ဒေသများ ‌ရေကြီးမှုဒဏ်ကို ဆိုးရွားစွာခံစားခဲ့ရပြီး အကျိုးဆက်အ‌နေဖြင့် မြစ်ဝကျွန်း‌ပေါ် ‌ဒေသအချို့လက်ရှိ ‌ရေကြီးမှု ဒဏ်ခံ‌နေရပြီး အကူအညီများ လိုအပ်‌နေ‌ကြောင်း ‌ဒေသခံများက ‌ပြောသည်။
ထိုသို ့KSNG ‌ရေ‌ဘေးကူညီ‌ရေးခရီးစဉ်သို ့ ပြည်တွင်းအ‌ခြေစိုက် လူငယ်အဝိုင်းအဝန်း(YC) အဖွဲ့ကလည်း ‌ရေသန် ့ဗူး ၄၀ဝ ခန် ့နှင့် လူငယ် ၁ဝ ဦးခန် ့လိုက်ပါကူညီ‌ပေးခဲ့‌ကြောင်း အဆိုပါခရီးစဉ်တွင် လိုက်ပါကူညီခဲ့သူများ ထံမှသိရသည်။

နယ်စပ်အ‌ခြေစိုက် KSNG ကို ၁၉၉၆ ခုနှစ် တွင်မဲလဒုက္ခသည်စခန်းတွင် စတင်တည်‌ထောင်ခဲ့ပြီး ပြည်တွင်း ကရင်လူငယ် အဖွဲ့များနှင့် ချိတ်ဆက်ကာ ပညာ‌ရေး၊ လူမှု‌ရေး လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသလို ကရင်ဒုက္ခသည်စခန်း ၉ ခုရှိ ပူး‌ပေါင်းကွန်ယက်အဖွဲ့ working group ၁ဝဖွဲ့ တွင်လည်း ပူး‌ပေါင်းပါဝင် လုပ်ရှားလျက်ရှိ‌ကြောင်း သိရသည်။