Home သတင်း DKBA မ‌တော်တဆ ပစ်ခတ်မှု‌ကြောင့် ရွာသားတဦး ဒဏ်ရာရ

DKBA မ‌တော်တဆ ပစ်ခတ်မှု‌ကြောင့် ရွာသားတဦး ဒဏ်ရာရ

2401
စက်တင်ဘာလ ၂၅ရက်၊ ၂၀၁၂ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ)


ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်တွင် တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်-DKBA ၏ မ‌တော်တဆ ပစ်ခတ်မှု ‌ကြောင့် ထီးသဲလယ်ရွာသားတဦး ညာဘက်‌ခြေသလုံးတွင် ဒဏ်ရာရရှိသွားခဲ့သည်။

စက်တင်ဘာလ ၂၂ရက်၊ မနက် ၇နာရီ‌ကျော်က DKBA ကလို့ထူး‌ဘော လက်‌အောက်ခံ အမှတ်(၉၀၉)တပ်ရင်းမှ တပ်စုမှူးဗိုလ်‌စော‌နေ‌ရော့ (‌ခေါ်) ‌စော‌ကျော်ဝါးသည် ၎င်းတို့အဖွဲ့ သွားလာရန် ပို့‌ဆောင်ခိုင်းသည့် ‌ထော်လာဂျီမှာ ဘီး‌ပေါက်‌နေသည်ကို M-16 ‌သေနတ်ဖြင့် ပစ်ခတ် ရာ အသက် ၂၂နှစ်အရွယ် ‌ထော်လာဂျီပိုင်ရှင် ရွာသား ‌စောဒူးဒူ၏ ‌ခြေ‌ထောက်ကို ထိမှန်ခဲ့ခြင်းဖြစ်သည်။

အမည်မ‌ဖော်လိုသူ ‌ဒေသခံတဦးက “အဲဒီ DKBA အဖွဲ့က ‌ထော်လာဂျီနဲ့ သူတို့ကို သွားပို့ခိုင်းတယ်။ ‌စောဒူးဒူက သူ့‌ထော်လာဂျီဘီး‌လေ ‌လျော့‌နေလို့ ‌လေဖြည့်တဲ့အခါ ‌စောင့်‌နေတဲ့ DKBA တပ်စုမှူးက ဘီးကို ‌သေနတ်နဲ့ ပစ်လိုက်တာ ဘီးမထိဘဲ ‌စောဒူးဒူ ‌ခြေသလုံးကို ထိသွား တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းသို့ ‌သေနတ်ဒဏ်ရာရရှိသွားသည့် ‌စောဒူးဒူမှာ ‌ခြေသလုံးအရိုး ကျိုးသွားပြီး ယခုအချိန်တွင် ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ အုန်းဖန် မြို့နယ်ရှိ အုန်းဖန်‌ဆေးရုံ၌ ‌ဆေးကုသမှု ခံယူ‌နေရသည်ဟု သိရသည်။

‌ကော့ကရိတ်မြို့နယ်အတွင်းရှိ ထီးသဲလယ်ရွာ အနီးအနားတွင် ‌ဖောပလဲထာ့၊ ‌ဖောဘုလာ့ထာ့၊ က‌လော်‌ဝေါ်၊ ‌ကော့ချဲ၊ လယ်‌ဂေါ်၊ အူးဖိုး ထာ့ စသည့်‌ကျေးရွာများ တည်ရှိပြီး ကလို့ထူး‌ဘော DKBA လက်‌အောက်ခံ အမှတ်(၉၀၉)တပ်ရင်းကို ဒုဗိုလ်မှူးကြီး ‌စောအယ်ဖိုးက ဦး ‌ဆောင်လျှက်ရှိသည်။

ထိုကိစ္စနှင့်ပတ်သက်၍ DKBA သို့ ‌ကေအိုင်စီမှ ဆက်သွယ်‌မေးမြန်းရာ ၎င်းတို့အ‌နေဖြင့် မသိရှိရ‌ကြောင်း ပြန်လည်‌ဖြေကြားခဲ့သည်။