Home သတင်း လက်ရှိကရင့်ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးမှု လမ်းစဉ်အ‌ပေါ်ပြည်တွင်း ကရင်‌ခေါင်း‌ဆောင်များ အားရ‌ကျေနပ်

လက်ရှိကရင့်ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးမှု လမ်းစဉ်အ‌ပေါ်ပြည်တွင်း ကရင်‌ခေါင်း‌ဆောင်များ အားရ‌ကျေနပ်

2253
ဧပြီလ ၉ရက်။ ၂၀၁၂ ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ)။


ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့် အစိုးရ ငြိမ်းချမ်း‌ရေး ကိုယ်စားလှယ်များ လက်ရှိ‌တွေ့ဆုံ‌ဆွေး‌နွေး‌နေကြသည့် ပြည်တွင်း ငြိမ်းချမ်း‌ရေးလမ်းစဉ်အ‌ပေါ် အားရ‌ကျေနပ်မှု ရှိ‌ကြောင့် မြန်မာပြည်တွင်းရှိ ကရင်‌ခေါင်း‌ဆောင်များက ‌ပြောသည်။

‌ကေအဲန်ယူနှင့် အစိုးရ နှစ်ဖက်စလုံးမှ သတ်မှတ်ထားသည့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်၏ တာဝန်နှင့် အချက်အလက် များကို အမှန်တကယ် လိုက်နာ မှုရှိမရှိကို ‌စောင့်ကြည့်ရဦးမည်ဖြစ်ပြီး ယခင်ပြည်နယ်အဆင့် ‌တွေ့ဆုံ‌ဆွေး‌နွေးမှုနှင့် စာလျှင် ယခုတစ်ကြိမ်‌တွေ့ဆုံ‌ဆွေး‌နွေး မှုကိုကြိုဆို‌ကြောင်း ဘားအံမြို့နယ် ပြည်သူ့လွှတ်‌တော် နန့်‌စေအွာက ‌ပြော သည်။

နန့်‌စေအွာက “ပထမအကြိမ်တုန်းကဆိုရင် ကရင်ပြည်သူလူထုက ‌တွေ့ခွင့်မရလိုက်ဘူး။ ဒီတစ်‌ခေါက်က‌တော့ ကရင်ငြိမ်းချမ်း‌ရေး ကိုယ်စားလှယ်‌တွေကို ‌တွေ့ခွင့်ရတဲ့အတွက် ‌ကျေနပ်တယ်။ ကရင်လူထု‌တွေ အဖွဲ့အစည်း‌တွေနဲ့ ကလဲ ပွင့်ပွင့်လင်းလင်း‌ဆွေး‌နွေးခွင့်ရတယ်။ ‌မေးချင်တာ‌တွေ‌မေးခွင့်ရတဲ့ အတွက် အားရတယ်”
ထို့နည်းတူ ရန်ကုန်အ‌ခြေစိုက် ကရင့်အမျိုးသမီးများလှုပ်ရှားမှုအဖွဲ့(KWAG)၏ စီမံခန့်ခွဲ‌ရေး ဒါရိုက်တာ တစ်ဦးဖြစ်သူ ‌နော်စူစဲနာလှလှစိုးကလည်း ယခုပြုလုပ်သည့် ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးပွဲမှာ ‌ကေအဲန်ယူကိုယ်စားလှယ်များအ‌နေဖြင့် သမ္မတ ဦးသိန်းစိန်နှင့်လည်း ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့သလို ‌ဒေါ်‌အောင်ဆန်းစုကြည့်နှင့်လည်း ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့သည်အ တွက် ကရင့် ငြိမ်းချမ်း‌ရေးကို အ‌ကောင်းအထည် ‌ဖော်ရန် လွယ်ကူသွားပြီဟု ယူဆ‌ကြောင်းနှင့် ဖွံ့ဖြိုးတိုးတက်‌ရေး လုပ်ငန်းများကိုလည်း လျှင်မြန်စွာ လုပ်‌ဆောင်နိုင်လိမ့်မည်ဟု မှတ်ယူသည်ဟု ‌ကေအိုင်စီကို ‌ပြောသည်။

၎င်းက “အစည်း‌ဝေး‌တွေမှာလည်း ကရင်လူထု‌ခေါင်း‌ဆောင်များအပါအဝင် တခြားတိုင်းရင်းသား‌ခေါင်း‌ဆောင်များကို ဖိတ်ကြားပြီး တက်ခွင့်‌ပေးတဲ့အပြင် သူတို့ဆီမှလည်း တုန့်ပြန်မှု‌တွေကိုလည်း ယူတယ်။ ‌ဒေါ်‌အောင်ဆန်းစုကြည်နဲ့ လည်း ‌တွေ့တဲ့အခါမှာ ‌ဒေါ်စုကလည်း ‌ဒေသတွင်း ငြိမ်းချမ်း‌ရေးအတွက်အပြင် နိုင်ငံ‌ရေးမှာလည်း တက်တက်ကြွကြွပြန် လည်ပြီး‌တော့ ပါဝင်‌တော့မှာဖြစ်တဲ့အတွက် အင်မတန်မှ အားရ ‌ကျေနပ်ဖွယ်‌ကောင်းတယ်” ဟု‌ပြောသည်။

အမျိုးသမီးအ‌ရေးကို အ‌ခြေခံကာ ဖွဲ့စည်းထားသည့် KWAG လူမှု့အဖွဲ့အစည်းအ‌နေဖြင့် အမျိုးသမီး ကဏ္ဍများကို ‌ကေအဲန်ယူ လက်‌အောက်မှ ကရင် အမျိုးသမီးအဖွဲ့အစည်း(KWO)နှင့်လည်း မြန်မာပြည် ပွင်းလင်းလာသည့် အချိန်တွင် ပူး‌ပေါင်းလုပ်‌ဆောင်သွားမည့်အပြင် ပြည်တွင်းငြိမ်းချမ်း‌ရေးအတွက် ပြည်တွင်းပြည်ပရှိ ကရင်လူငယ်အဖွဲ့ အစည်းများ၊ ကရင်အဖွဲ့အစည်းများနှင့်လည်း ပူး‌ပေါင်း လုပ်‌ဆောင်သွားမည်ဟု ‌နော်စူစဲနာလှလှစိုး က ‌ပြောသည်။
ကရင်လက်နက်ကိုင်အဖွဲ့အစည်းသာမကပဲ ချင်း၊ ကချင်၊ ရှမ်း စသည့် တခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အ‌နေဖြင့်လည်း ‌တွေ့ဆုံ‌ဆွေး‌နွေးသည့်နည်းဖြင့် နိုင်ငံ‌ရေးပြဿနာကို အ‌ဖြေရှာလျှင် အ‌ကောင်းဆုံးဟု အမျိုး သားဒီမို က‌ရေစီအဖွဲ့ချုပ်(NLD) မှ ရန်ကုန်တိုင်း ဗဟိုဦးစီးအဖွဲ့ဝင် ကရင်အမျိုးသား ဦး‌စောနိုင်းနိုင်း က ‌ပြောသည်။

သူက “အဲ့ဒီပြဿနာကို လက်နက်နဲ့‌ဖြေရှင်းတယ်ဆိုတာက အ‌ခြေအ‌နေတစ်ရပ်အတွက်‌ကြောင့် ရှိချင်ရှိမှာ‌ပေါ့။ ဒါ‌ပေ မယ့် ရလဒ်‌ကောင်းရဖို့ ဆိုရင်‌တော့ အပြီးသတ် ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေးလုပ်တယ်‌လေ။ အခုလိုလုပ်တာကလဲ ‌ကောင်းတဲ့လက္ခာဖြစ်တဲ့အတွက် ကြိုဆိုပါတယ်။ ‌ဆွေး‌နွေးသွား တာကို ဝမ်းလည်းဝမ်းသာပါတယ်။‌ကျေနပ်ပါတယ်” ဟု ‌ပြောသည်။

၎င်းတို့အ‌နေဖြင့်လည်း နိုင်ငံ‌ရေးလှုပ်ရှားမှုတွင် ရည်ရွက်ချက်နှင့် လုပ်‌ဆောင်မှုများ တူညီပါက ညှိုနှိုင်း‌ဆောင်ရွက်နိုင် သည့်အရာများဖြစ်‌စေ၊ ပူး‌ပေါင်း လုပ်‌ဆောင်နိုင်သည့် အ‌ခြေအ‌နေမျိုးရှိ ပါက ကရင်အဖွဲ့အစည်းများနှင့် ပူး‌ပေါင်းလုပ် ‌ဆောင်သွားမည် ဟုလည်း ဦး‌စောနိုင်းနိုင်းက ဆက်‌ပြောသည်။
‌ကေအဲန်ယူမှ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌နော်စီဖိုးရာစိန်ဦး‌ဆောင်သည့် ငြိမ်းချမ်း‌ရေးကိုယ်စားလှယ်အဖွဲ့တို့သည် ဧပြီလ ၄ရက်‌နေ့မှ စပြီး ယ‌နေ့အထိ ပြည်တွင်းငြိမ်းချမ်း‌ရေးအတွက် မြန်မာအစိုးရ ကိုယ်စားလှယ်တို့နှင့် ပြည်နယ်အ ဆင့်ဖြစ်‌စေ ပြည်‌ထောင်စုအဆင့်ဖြစ်‌စေ ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့သလို အမျိုးသားဒီမိုက‌ရေစီ‌ခေါင်း‌ဆောင် ‌ဒေါ်‌အောင်ဆန်း စုကြည်နှင့် သမ္မတ ဦးသိန်းစိန်ကိုယ်တိုင်နှင့်လည်း အပြုသ‌ဘော ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ကြသည်။
ထို့အပြင် ထိုရက်များအတွင်း ကရင်လူထုများ၊ ကရင်ပါတီပါများ၊ ကရင်လူမှုအဖွဲ့အစည်းများမှ ‌ခေါင်း‌ဆောင်များ၊ ဒီမိုက‌ရေစီ နိုင်ငံ‌ရေးပါတီများနှင့် အခြားတိုင်းရင်းသားပါတီများမှ ‌ခေါင်း‌ဆောင်များနှင့် ‌တွေ့ဆုံခဲ့ကာ ပြည်တွင်းငြိမ်းချမ်း ‌ရေးဖြစ်စဉ်အတွက် အပြန်အလှန် အကြံပြုချက်များ ရယူကြသည်ဟု သိရသည်။

ဧပြီလ ၄ရက်‌နေ့မှစပြီး ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေး‌ရေးအတွက် မြန်မာအစိုးရနှင့် သွား‌ရောက်‌တွေ့ဆုံသည့် ‌ကေအဲန်ယူ ငြိမ်းချမ်း‌ရေး ကိုယ်စားလှယ်များသည် ဧပြီလ ၁၁ရက်‌နေ့တွင် နယ်စပ်‌ဒေသသို့ ပြန်လည် ‌ရောက်ရှိလာမည်ဖြစ် သည်ဟု သိရသည်။