ဇူလိုင် ၁၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးအသားအစည်းအရုံး-ကေအဲန်ယူ(တပ်မဟာ-၃)နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်ထဲတွင် စစ်အုပ်စုတပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် ယခုနှစ် ဇန်နဝါရီလမှစပြီး ဇွန်လကုန်အထိ ၆ လတာအတွင်း ဒေသအတွင်းရှိ အပြစ်မဲ့ပြည်သူ (၇၃) ဦးသေဆုံးခဲ့သည်ဟု ကေအဲန်ယူ ညောင်လေးပင်ခရိုင် တာဝန်ရှိသူများထံမှ...