ဩဂုတ် (၁၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေသည် စိုးရိမ်ရေအမှတ်ထက် ကျော်လွန်လာပြီး မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေစတင်ဝင်ရောက်လာသဖြင့် ရေဘေးသင့် ပြည်သူများ ရွှေ့ပြောင်းနေထိုင်နိုင်ရန် ယာယီရေဘေးကယ်ဆယ်ရေးစခန်း (၂၇) ခုကို ကြိုတင် ပြင်ဆင်ထားကြောင်း မြို့ခံလူမှုကယ်ဆယ်ရေးထံမှ သိရသည်။
မိုးလေဝသဌာနက ဖော်ပြချက်တွင် သံလွင်မြစ်ရေသည်...