Home သတင်း အာဏာသိမ်းတပ်၏ စစ်မှုထမ်းစစ်သား ၂ ဦး လက်နက်နှင့်အတူ KNU တပ်မဟာ (၇)ထံ ဘက်ပြောင်းခိုလှုံ

အာဏာသိမ်းတပ်၏ စစ်မှုထမ်းစစ်သား ၂ ဦး လက်နက်နှင့်အတူ KNU တပ်မဟာ (၇)ထံ ဘက်ပြောင်းခိုလှုံ

16
Photo: KNU

ဩဂုတ် ၂၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

အာဏာသိမ်းစစ်တပ်၏ ခြေမြန်တပ်ရင်း (ခမရ-၃၅၇) မှ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရသူ တပ်သား ၂ ဦးသည် ဩဂုတ်လ ၁၅ ရက်နေ့တွင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဖားအံခရိုင်/ တပ်မဟာ (၇) ထံသို့ လက်နက်နှင့်အတူ ဘက်ပြောင်းခိုလှုံလာကြောင်း KNU က သတင်းထုတ်ပြန်ထားသည်။

ဘက်ပြောင်းခိုလှုံလာသူများမှာ အသက် ၂၅ နှစ်အရွယ် တပ်သားဇော်မျိုးထက် နှင့် အသက် ၂၄ နှစ်အရွယ် တပ်သားဇော်မိုးဦးတို့ဖြစ်ပြီး ၎င်းတို့နှင့်အတူ MA သေနတ် ၂ လက်၊ ကျည်ဘောက် ၆ ခု၊ ကျည်ဆံ ၂၀၀ တောင့်နှင့် ကျည်ကာ ၂ ထည်တို့ ယူဆောင်လာခဲ့ကြသည်ဟု သိရသည်။

ထိုသို့ ဘက်ပြောင်း ပူးပေါင်းလာသည့် စစ်မှုထမ်း တပ်သား ၂ ဦးအား ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၇)က တစ်ဦးလျှင် ကျပ်ငွေ ၁၀ သိန်းစီ ဆုကြေးငွေ ချီးမြှင့်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှုထမ်း ခိုင်းစေခံနေရသည့် အာဏာသိမ်းစစ်တပ်အတွင်းမှ တပ်သားများအနေဖြင့် မိမိတို့နှင့် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံသို့ ရရာနည်းလမ်းဖြင့် လက်နက်ချ အလင်းဝင်ပူးပေါင်းကြရန် KNU ဖားအံခရိုင် က တိုက်တွန်းနှိုးဆော်ထားသည်။

Photo: KNU