Home သတင်း အကျဉ်းသူ၊ အကျဉ်းသား ၂၀၀ ကျော် ကရင်နီ IEC လွတ်ငြိမ်းခွင့်ပေး

အကျဉ်းသူ၊ အကျဉ်းသား ၂၀၀ ကျော် ကရင်နီ IEC လွတ်ငြိမ်းခွင့်ပေး

353
Photo: IEC

ဧပြီလ ၁၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်နီပြည်အတွင်းရှိ အကျဉ်းထောင်နှင့် စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း (၂၃၄) ဦးအား ဥက္ကဋ္ဌ၏ အမိန့်ဖြင့် ယနေ့ ဧပြီလ ၁၇ ရက်နေ့တွင် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်သည်ဟု သိရသည်။

မြန်မာ့ရိုးရာ နှစ်သစ်ကူးအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အကျဉ်းသူ၊ အကျဉ်းသား (၂၅) ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပေးအပ်ခဲ့ပြီး (၂၀၉) ဦးအား ပြစ်ဒဏ်သက်သာခွင့်များ ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပတ်သက်၍ ကရင်နီပြည်၏ ကြားကာလအစီအမံ အပိုဒ် (၇၅)၊ အပိုဒ်ခွဲ (ခ) အရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း IEC မှ ထုတ်ပြန်ထားသည်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ ယနေ့ (ဧပြီ ၁၇ ရက်)မြန်မာနှစ်ဆန်းတစ်ရက်နေ့ အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့်အနေဖြင့် နိုင်ငံတစ်ဝှမ်းရှိအကျဥ်းထောင်များအတွင်း အကျဥ်းကျခံနေရသူ (၄,၃၃၅)ဦးကို လွတ်ငြိမ်းခွင့်ပေးကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။