Home သတင်း မောတောင်မြို့သိမ်းတိုက်ပွဲ စစ်သုံ့ပန်း ၄၀ ကျော်ဖမ်းမိပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်း

မောတောင်မြို့သိမ်းတိုက်ပွဲ စစ်သုံ့ပန်း ၄၀ ကျော်ဖမ်းမိပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်း

588
Photo to credit to Force for Federal Democracy – FFD

နိုဝင်ဘာ ၁၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၄)နယ်မြေ မြိတ်-ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ မော တောင်မြို့သိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်း ၄၀ ကျော်ဖမ်းဆီးနိုင်ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်း ရမိ သည်ဟု Force for Federal Democracy – FFD က ထုတ်ပြန်ထားသည်။

ယနေ့ မြို့သိမ်းတိုက်ပွဲကို ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNU/KNLA ဦးဆောင်မှုနှင့်အတူ KNLA တပ်မဟာ (၄) မှ တပ်ရင်း ၂၀၃၊ တပ်ရင်း(၁၁)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO တပ်ရင်း(၇)၊ တပ်ရင်း ၁၂ ၊ BPLA နှင့် FFD ပူးပေါင်းတပ်ဖွဲ့က တိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

အဆိုပါ မြို့သိမ်းတိုက်ပွဲတွင် ၁၂၀ မမ ၊ ပွိုင့် 5 ၊ 81 မမ ၊ RPG၊ ငါးကြင်းမှီး၊ MA1၊ MA2၊ MA3၊ MA4၊ M16၊ AK47၊ ကာဘိုင် ၊ G3၊ အူဇီ၊ ပစ္စတို၊ ကိုးလုံးကျည် စသည့် လက်နက်များနှင့် ကျည်အမြောက်အများကို သိမ်း ဆည်းရမိသည်ဟု Force for Federal Democracy -FFD က ထုတ်ပြန်ထားသည်။

၎င်းအပြင် ဂျမ်မာ၊ မီးစက်၊ ရှေ့ထွက်မိုင်း၊ ၁၆ မိုင်း၊ အီနာဂါ၊ တိုက်မိုင်၊ အထိုင်စကားပြောစက်နှင့် M79 ဗုံးသီး အများအပြားကိုလည်း သိမ်းဆည်းရရှိခဲ့ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထိုမြို့သိမ်းတိုက်ပွဲဖြစ်စဉ်ကြောင့် စစ်အုပ်စုတပ်ဖွဲ့ဝင် (၆၁)ဦး ထိုင်းဘက်ထွက်ပြေးသွားခဲ့ကြောင်း KNLA သတင်းအရင်းအမြစ်ထံမှ သိရသည်။

မောတောင်မြို့သည် စစ်‌အုပ်စု၏ ကုန်သွယ်စီးဆင်းမှု၌ အရေးပါသော တနင်္သာရီတိုင်းရှိ ထိုင်း-မြန်မာနယ်စပ်မြို့ တစ်မြို့ဖြစ်သည်။