ဒီဇင်ဘာ ၁၃ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၃)နယ်မြေရှိ ကျေးရွာများတွင် ဒီဇင်ဘာ(၈)ရက်နေ့နှင့်(၁၀)ရက်နေ့က စစ်အုပ်စု၏လက်နက်ကြီးနှင့်လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် သံဃာတော်တစ်ပါးနှင့် ရွာခံ အမျိုးသမီး(၂)ဦး၊ အမျိုးသား(၁)ဦး စုစုပေါင်း(၄)ဦး သေဆုံးခဲ့ကြောင်း ကေအဲန်ယူကထုတ်ပြန်သည်။
ဒီဇင်ဘာ(၈)ရက်နေ့က နတ်သံကွင်းမှ ကျောက်စရစ်ရွာအနောက်ဖက်သို့ စက်တပ်လေထီးဖြင့် လာရောက်ပစ်ခတ်ခဲ့ရာ ရွာဘုန်းကြီးကျောင်းအဆောက်အဦး...