အောက်တိုဘာ (၂) ရက်နေ့၊ ၂၀၂၆ ခုနှစ်၊ ကေအိုင်စီ။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)၊ ဒူးသထူ/သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်အုပ်စု၏ လက်နက်ကြီးပစ်ခတ်မှုနှင့် ဒရုန်းတိုက်ခိုက်မှုများ ယမန်နေ့၊ အောက်တိုဘာ (၁) ရက်နေ့အထိ ဆက်တိုက်ဖြစ်ပွားနေကြောင်း ဒေသခံများနှင့်နယ်မြေတာဝန်ရှိသူများထံမှ သိရသည်။
ကေအိုင်စီက နောက်ဆုံးရရှိထားသည့် အချက်အလက်များအရ ပြီးခဲ့သည့် စက်တင်ဘာလ(၃၀)ရက်နေ့တွင်...