ဇူလိုင် (၁၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မြန်မာနိုင်ငံတွင် စတားလင့်ခ်အားလုံး ပိတ်ဆို့လိုက်ခြင်းသည် ဆက်သွယ်ရေးပြတ်တောက်လျက်ရှိသော ဒေသနေလူထုနှင့် လူသားချင်းစာနာထောက်ထားမှုအပေါ် ထိခိုက်မှုကြီးမားခြင်းကြောင့် အွန်လိုင်းငွေလိမ်စင်တာများကိုသာ ပစ်မှတ်ထားသင့်ကြောင်း ကရင်အပါအဝင် အရပ်ဖက်အဖွဲ့(၂၀၀)ကျော်က ထောက်ပြတောင်းဆိုသည်။
ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN) အပါအဝင် အရပ်ဖက်အဖွဲ့အစည်း(၂၀၄)ဖွဲ့၏ ဇူလိုင်လ(၁၇)ရက်နေ့က ပူးတွဲထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံတစ်ဝှမ်း စတားလင့်ခ်များ ပိတ်ဆို့လိုက်ခြင်းကြောင့်...