Home သတင်း ကော့ကရိတ် မြောက်ပိုင်းတွင် တိုက်ပွဲပြင်းထန် စစ်တပ် သေဆုံးသူများပြားနေ

ကော့ကရိတ် မြောက်ပိုင်းတွင် တိုက်ပွဲပြင်းထန် စစ်တပ် သေဆုံးသူများပြားနေ

214
Photo: CJ

နိုဝင်ဘာ ၆၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြို့နယ် မြောက်ပိုင်း ထီဖိုးစံရွာဘက်တွင် နိုဝင်ဘာလဆန်းမှ ၅ ရက်နေ့အထိ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်၊ မဟာမိတ်တပ်များနှင့် စစ်တပ် စစ်ကြောင်းတို့ တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်ဘက်က သေဆုံးသူများပြားနေသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။

စစ်တပ် စစ်ကြောင်းသည် သေဆုံးသူများ၍ တပ်ပြန်ဆုတ်ပြီး ကျုံဒိုးမြို့ဘက်မှ စစ်ကူများဖြည့်တင်းကာ စစ်ကြောင်းပြန်ထိုးလာသည်ဟု မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ယခုလိုပြောသည်။

“စစ်တပ်က မိဖာလဲ၊ ထီဖိုးစံဘက်ကို တစ်ရက်နေ့က တက်တာမှာ မနက်ပိုင်းစဖြစ်တော့ သူတို့တွေ ၁၀‌ ယောက် ကျော်ကျတယ်။ ၂၀ လောက်ထိကုန်ပြီး စစ်ကြောင်း တပ်လန်ပြန်ဆုတ်သွားတယ်။ အဲ့နောက်ပိုင်း ကျုံဒိုးက ၅၄၅/၅၄၆တပ်က စစ်သားသစ်တွေဆက်တိုက်ပို့ လာတယ်။ နောင်ကိုင်းဘက်၊ မိဖာလဲဘက်က‌နေ ၄ ရက်နေ့ မှာ ထပ်ပြန်တိုးလာ တော့အခုထီဖိုးစံဘက်မှာတိုက်ပွဲ ပြင်းနေတယ်။ ဒရုန်းက တော့သူချကိုယ်ချ ဘဲ။ မြေပြင်မှာလည်း သူပစ်၊ ကိုယ်ပစ်အ‌ခြေအနေတော့ ရှိနေတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ ထီဖိုးစံ လမ်းပိုင်းရှိ ရွာအဝင် တံတားကို နိုဝင်ဘာ ၅ ရက်မနကိပိုင်းကစစ်အုပ်စုက မိုင်းခွဲဖျက်စီးခဲ့ပြီး နော်ထွတ်ထာရွာနှင့် ကွီမောင်တိုင် ရွာဘက်သို့ စစ်ကြောင်းဖြန့် ထွက်လာသည့်အတွက် KNLA မဟာမိတ် တပ်များနှင့် တိုကက်ပွဲ တစ်နေကုန်ပစ်ခတ်မှု ဆက်ရှိနေကြောင်း သိရသည်။

ထို့အပြင် ကော့ကရိတ်အခြေစိုက် စစ်အုပ်စုက ရန်ကုတ်၊ ကြောင်လျှာကုန်း လှိုင်စိမ်း၊ မိချောင်းအင်းရွာ ဘက် သို့ ခလရ ၉၇ တပ်များ ဒေါနတောင်လမ်းဟောင်းဘက် ဦးတည်ပြီး စစ်ကြောင်းတိုးလာသည့် အတွက် လှိုင်စိမ်း၊ မိ‌ချောင်းအင်းရွာဘက်တွင်လည်း KNLA မဟာမိတ်တပ်စစ်ကြောင်းများနှင့် တိုက်ပွဲ ဖြစ်နေကြောင်း ကော့ကရိတ်မြို့ခံ စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။

” ၉၇ စစ်တပ်က မြို့ပြင် ကိုလက်နက်ကြီးနဲ့ နေတိုင်းပစ်ထုတ် နေတာဘဲ၊ ရန်ကုတ်၊ လှိုင်စိမ်းဘက်ကနေ ရှေ့တိုးမရဖြစ်နေတယ်။ သူတို့ ကျုံဒိုး-ထီဖိုးစံကနေလမ်းဟောင်းကို တိုးတာရယ်၊‌ ကော့ကရိတ်က နေအောက်ဘိုတဲ လမ်းကတိုးတာရယ် နှစ်နေရာကနေတိုးနေတာပေါ့နော့်၊ အဓိကတော့ မြောက်ပိုင်းကနေ မြဝတီလမ်းဟာင်းကို သိမ်းဖို့ ဦးတည်တိုက်နေတာပေါ့နော်” ဟု ၎င်းက ပြောသည်။

ထိုသို့စစ်အုပ်စုကကျုံဒိုး၊‌ကော့ကရိတ်လမ်းပိုင်းအား ထိမ်းချုပ်ထားသည့် စက်တင်ဘာလ နောက်ပိုင်းမှ စတင်ပြီး ကော့ကရိတ်၊ တောင်ပိုင်း/မြောက်ပိုင်းကျေးရွာလမ်းများမှတစ်ဆင့် မြဝတီ အာရှလမ်းသစ်နှင့်ဒေါနတောင်လမ်းဟာင်းကိုသိမ်းပိုက်ပြီး ကုန်သွယ်ရေးလမ်းကြောင်းပြန်ဖွင့်ရန်စစ်အင်အား အလုံးအရင်းဖြင့်တိုက်ခိုက်နေသော်လည်း အကျအဆုံးအထိအခိုက်များပြီး လမ်းပိုင်း နေရာများအားတပ်စွဲထိမ်းချုပ် နိုင်ခြင်းမရှိသေးကြောင်း သိရသည်။