ဇူလိုင် (၂၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)၊ ဝင်းရေးမြို့နယ်အတွင်းရှိ ကျုံခဝန်၊ ဖားပြ၊ နို့ဖာထော စသည့် ကျေးရွာအချို့တွင် အိမ်မွေးဝက်များ ဝက်နာကျသည့်ရောဂါ ရွာလုံးကျွတ်အတိုင်းအတာဖြင့် ဖြစ်ပွားနေကြောင်း ဒေသခံလူထုပြောပြချက်အရ သိရသည်။
မိုးရာသီစတင်ကျရောက်သည့်ကာလ ဇွန်လပိုင်းမှစ၍ လက်ရှိအချိန်ထိ ကျေးရွာအချို့တွင်...