အောက်တိုဘာ ၂၀၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မြဝတီမြို့တောင်ဘက်၊ လေးကေကော်မြို့သစ် အနီးရှိ စွယ်တော်အမြောက်ကုန်းကို တော်လှန်ရေးတပ်များ သိမ်းယူပြီးနောက် တောင်ကြောစခန်းတစ်ခုလုံးကို မြေအပြောင်းရှင်းကာ ကွင်းပြင်အဖြစ် ပြုလုပ်ထားပြီး ဖြစ်၍ အာဏာသိမ်းစစ်တပ်က တပ်စွဲနေထိုင်းခြင်း မပြုလုပ်နိုင်သေးဟု မြေပြင်ရှိ တော်လှန်ရေးတပ် တာဝန်ရှိသူက ကေအိုင်စီသို့ ပြောသည်။
လေးကေကော်မြို့သစ်သို့ စစ်တပ်က နယ်ခြားစောင့်တပ်နှင့် ပူးပေါင်းကာ အင်းအား ၅၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးနေပြီး စွယ်တော်အမြောက်ကုန်းကို ပြန်လည်း သိမ်းပိုက်နိုင်ပြီးဟု ဝါဒဖြန့် ပြောဆိုနေမှုအပေါ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ၊ မဟာမိတ်တပ်ဖွဲ့ ရှေ့တန်းရှိ တပ်တာဝန်ရှိသူက ယခုလို ပြောသည်။
” လေးကေကော်အမြာက်ကုန်းက ကျနော်တို့တွေ သိမ်းပြီးကတည်းက တောင်ကြော စခန်းကုန်းတစ်ခုလုံး ကို မြေပြောင်ရှင်းထားတာပါ။ ကျနော် တို့လည်း တပ်မစွဲ ထားပါဘူး။ အခုလည်း သူတို့ လည်းကွင်း ပြောင်ကြီး ဖြစ်နေတာကို တပ်ထိုင်ပြီးမနေရဲကြပါဘူး။ ရှု့ခင်းသာကုန်း၊ ရသေ့ဂူ ၊ မယ်ထော်သလေး ဘက် တွေ တိုက်ပွဲဆက်ဖြစ်နေတုန်းပါဘဲ။ လေးကေကော်ဘက်မှာ အားလုံးသိမ်းလို့ မရသေးပါဘူး ” ဟု ၎င်းက ပြောသည်။
လက်ရှိ တွင် စစ်ကောင်စီတပ်က လေးကေကော် ဒေသနှင့် ဖလူး၊ မင်းလက်ပံ၊ အင်ကြင်းမြိုင်၊ ပဟိကလော်၊ ထီးမယ်ဝါးခီး ဒေသကို စစ်အုပ်စု /BGF ပူးပေါင်းစစ်ကြောင်းများ အင်အား ၅၀၀ ခန့်ဖြင့် ဖြန့်ခွဲ စစ်ဆင် နေသလို KNLA မဟာမိတ်တပ်များဘက်မှလည်း တန်ပြန် ဖြတ်တောက်တိုက်ခိုက် နေပြီး ယနေ့ထိ တိုက်ပွဲ ဖြစ်ပွားနေသည်ဟု မင်းလက်ပံ ကျေးရွာ စစ်ဘေးရှောင်နေသူများက ပြောသည်။

“စစ်တပ်က /BGF နဲ့ ပေါင်းပြီးနေရာစုံကိုထိုးနေတာ ရွာသားတွေ လည်းပစ်ခံရ၊ ဖမ်းခံရ ဝာာတွေ ရှိတော့ ရွာ ပြန်မကြည့်ရဲဘူး။ တိုက်ပွဲ သံကတော့ လေးကေကော်ဘက် တိုက် နေတာပစ်သံတွေ ကြားနေရတယ်။ တရုတ်ဆိုဒ် ဘက်လည်းစစ်တပ် /BGFတွေ ရှိ နေတယ်။ ကျနော်တို့ကတော့ ငါးဘတ်ဂိတ်၊ တယ်ဘတ်ဂိတ် သဲသောင်ပြင်ဘက်တွေ ရှောင်နေရတယ်။ တစ်ချက်၊ တစ်ချက်ကျည်တွေ လာတယ်” ဟု မင်းလက်ပံ ကျေးရွာ စစ်ရှောင်နေသူက ပြောသည်။
လတ်တလောတွင် KNLA မဟာမိတ်တပ်များ လေးကေကော်ဒေသ အနီးတစ်ဝိုက်ပတ်ခြာလည်နေရာများမှ စစ်အုပ်စုတပ်အားတန်ပြန် တိုက်ခိုက် နေသည့်အတွက် စစ်အုပ်စု ၊ BGF ပူး ပေါင်းတပ်များမြေပြင်၌ ထိခိုက် ကျဆုံးမှုရှိ နေသည်ဟု သိရသည်။
လက်ရှိ လေးကေကော် ဒေသကို စစ်တပ်နှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ချို့ တို့ လက်နက်ကြီး ပစ်ကူ၊ မစ်ဇိုင်းဒုံး ပစ်ကူဖြင့် မြေပြင်၌ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသော်လည်း အပြည့်အဝ မထိန်းချုပ်နိုင်ဖြစ်နေသေးသည်။
လေးကေကော်မြို့သစ်အနီး စွယ်တော်အမြောက်ကုန်း စစ်တပ်စခန်းကို တော်လှန်ရေး ပူးပေါင်းတပ်များက ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက်နေ့တွင် သိမ်းယူပြီးနောက် လေးကေကော်ဒေသသည် စစ်အုပ်စု ကင်းစင်ဒေသ အဖြစ် စီးပွားရေးနှင့် နေထိုင်သွားလာမှု ပုံမှန်အတိုင်းဖြစ်နေခဲ့ရာမှ စစ်တပ်စစ်ကြောင်းထိုး နေ၍ ယခု ဒေသခံများ လူမှုစီးပွားဘဝများ ပျက်စီးကာ စစ်ဘေးရှောင်နေရခြင်း ဖြစ်ကြောင်း ဒေသခံများ က ပြောသည်။



















