ဇူလိုင် (၂၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
အင်တာနက်လိုင်းဖြတ်တောက်ခံထားရသည့် ဒေသအသီးသီးတွင် အဓိကအားထားအသုံးပြုနေရသည့် Starlink စက်များ ပိတ်ခံရမည် သို့မဟုတ် ဝန်ဆောင်ခ ဈေးနှုန်းများ မြင့်တက်လာမည်ဆိုသည့် သတင်းကြောင့် စစ်ဘေးရှောင်ပြည်သူများနှင့် ဆက်သွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အခက်အခဲရှိမည့်အပေါ် ဒေသခံများက စိုးရိမ်ပူပန်မှုရှိနေသည်။
အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးအင်အားစုများ လှုပ်ရှားမှုအားကောင်းသည့်...