အောက်တိုဘာ (၆) ရက်၊ ၂၀၂၆ ခုနှစ်၊ ကေအိုင်စီ။
အပြန်အလှန်ယုံကြည်မှုများ တည်ဆောက်ရန်ဟုဆိုကာ ကရင်ပြည်နယ် ဖားအံမြို့တွင် စစ်အုပ်စုပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ ငြိမ်းချမ်းရေးဖိုရမ် ကျင်းပခဲ့အပြီး ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)နယ်မြေတွင် စစ်အုပ်စု၏ အင်အားတိုးချဲ့မှုအပါအဝင် စစ်ရေးလှုပ်ရှားမှု များလာကြောင်း ဒေသခံများနှင့် နယ်မြေရှိ တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
ကော့ကရိတ်အပါအဝင် မြဝတီ(ရာမတီး)တောင်ပိုင်းဒေသတွင်...