Home သတင်း မဲဆောက် Tesco Lotus ကုန်တိုက်အနီး မြန်မာလူငယ်အချင်းချင်း ဓါးထိုးမှုဖြစ်

မဲဆောက် Tesco Lotus ကုန်တိုက်အနီး မြန်မာလူငယ်အချင်းချင်း ဓါးထိုးမှုဖြစ်

397
Photo: เอก เกียรติศักดิ์ แม่สอด..

စက်တင်ဘာ ၁ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ Tesco Lotus ကုန်တိုက်အနီး စာသင်ကျောင်းရှေ့၌ ယနေ့ မွန်းလွဲပိုင်းတွင် မြန်မာလူငယ်အချင်းချင်း ခိုက်ရန်ဖြစ်ပွားပြီး ဓါးထိုးမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

ယနေ့ နေ့လည် ၂ နာရီအချိန်တွင် မြန်မာလူငယ် ၂ ဦး စကားများပြီးနောက် အချင်းချင်း ကိုယ်ထိလက်ရောက်တုံ့ပြန်ရာမှ ဓါးထိုးမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဓါးထိုးခံရသူ လူငယ်မှာ ဝမ်းဗိုက်တွင် ဒဏ်ရာရရှိခဲ့သည်ဟု နယ်မြေရဲမှတ်တမ်းအရ သိရသည်။

ဓါးထိုးသူကိုယ်တိုင်ကလည်း လက်မှာ ဒဏ်ရာတချို့ ရခဲ့ပြီး အခင်းဖြစ်ပွားရာမှ ထွက်ပြေးသွားခဲ့သော်လည်း နယ်မြေခံရဲတပ်ဖွဲ့က အချိန်မီ ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။

နောက်ဆုံးသိရှိရသည့် သတင်းအချက်အလက်အရ ဒဏ်ရာရသူ မြန်မာလူငယ် ၂ ဦးစလုံးကို ဆေးရုံသို့ ပို့ဆောင်ထားပြီး အခင်းဖြစ်ပွားရသည့် အကြောင်းအရင်းကို ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ပြီးခဲ့သည့် ဩဂုတ် ၂၉ ရက်နေ့တွင်လည်း ထိုင်းမြောက်ပိုင်းမြို့တော် ချင်းမိုင်တွင် ရှမ်းလူငယ်များနှင့် ထိုင်းလူငယ်များအကြား ရန်ဖြစ်ပွားခဲ့ပြီး ဓါးထိုးမှု ဖြစ်ခဲ့ပါသေးသည်။