ဩဂုတ် (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ပဋိပက္ခဒေသများတွင်ပိုမိုအားထားနေရသော ဌာနေတိုင်းရင်းသား သားဖွားဆရာမ(ရိုးရာလက်သည်) များကို ကာကွယ်ပေးရန်လိုအပ်ကြောင်း ဩဂုတ်လ(၉)ရက်နေ့တွင် ကျရောက်သည့်အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ဌာနေတိုင်းရင်းသားများနေ့တွင် သံလွင်ငြိမ်းချမ်းရေးဥယျာဉ်ကော်မတီနှင့် ကရင်အမျိုးသမီးအစည်းအရုံး-KWO တို့က တိုက်တွန်းတောင်းဆိုသည်။
၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ဌာနေတိုင်းရင်းသားများနေ့၊ ဆောင်ပုဒ်တွင် ဌာနေတိုင်းရင်းသား သားဖွားဆရာမများအား ဂုဏ်ပြုခြင်း၊...