စက်တင်ဘာ (၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရားဝင်ခရီးစဥ်အဖြစ် နိုင်ငံသို့ဖိတ်ကြားခဲ့သည့် ဗီယက်နမ်အစိုးရ၏ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း Justice for Myanmar (JFM)က ယမန်နေ့၊ စက်တင်ဘာ(၃)ရက်ဖြင့် တုံ့ပြန်သည်။
ဗီယက်နမ်သမ္မတနှင့်ဇနီးတို့၏ဖိတ်ကြားချက်ဖြင့် မင်းအောင်လှိုင်နှင့် သူ၏ဇနီးတို့သည် ယနေ့ စက်တင်ဘာ(၄)ရက်နေ့မှ (၆)ရက်နေ့အထိ...