စက်တင်ဘာ (၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ဧရာဝတီတိုင်းဒေသကြီးက ရေဘေးသင့်ဒေသများသို့ ရေဘေးကူညီကယ်ဆယ်ရေးပစ္စည်းများ လုံခြုံမြန်ဆန်စွာရောက်ရှိစေရန် ရည်ရွယ်၍ နှစ်ပတ်ကြာမြင့်မည့် အခမဲ့ သယ်ယူပို့ဆောင်ရေးယာဥ် ဝန်ဆောင်မှုကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ်(WFP) က စတင်လိုက်ကြောင်း ယမန်နေ့၊ စက်တင်ဘာ(၃) ရက်နေ့က ကြေညာသည်။
အဆိုပါဝန်ဆောင်မှုကို ရေဘေးဒဏ်ဆိုးဆိုးရွားရွားခံစားနေရသည့် လေးမျက်နှာ၊ ရေကြည်နှင့်...