ဇူလိုင် (၃၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
အရှေ့တောင်အာရှ အွန်လိုင်းငွေလိမ်လည်မှု(ကျားဖြန့်)လုပ်ငန်းများ လည်ပတ်မှုအပါအဝင် လူကုန်ကူးမှုနှင့် လူ့အခွင့်ရေးချိုးဖောက်မှုများတွင် တာဝန်ရှိသဖြင့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA နှင့် အဖွဲ့ခေါင်းဆောင် (၅) ဦးကို ဥရောပသမဂ္ဂ(EU)က ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်ကြောင်း ဇူလိုင်လ(၃၀)ရက်နေ့က တရားဝင်ကြေညာချက် ထုတ်သည်။
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့နယ်အတွင်း ဒုစရိုက်လုပ်ငန်းများ၊ အဆောက်အအုံများ...