Home သတင်း ဗုံးကြဲခံရ၍ မူတြော်ခရိုင်တွင် ကလေး ၂ ဦး သေဆုံး

ဗုံးကြဲခံရ၍ မူတြော်ခရိုင်တွင် ကလေး ၂ ဦး သေဆုံး

587
Photo: KNU

ဧပြီ ၇ရက် ၊၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ လေးဖိုးထာ ကျေးရွာအုပ်စု၊ နဲက ရွာသို့ ဧပြီ ၂ ရက်နေ့တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်သဖြင့် ကလေး ၂ ဦး သေဆုံးသွား သည်ဟု ကေအဲန်ယူ-ဗဟိုက ထုတ်ပြန် ပြောဆိုသည်။

ဧပြီ ၂ ရက်နေ့ ညနေပိုင်းအချိန် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နဲက ရွာရှိ စောခင်မောင်လွင် အသက် (၃) နှင့် အသက် (၁၂) အရွယ် လေးတန်းကျောင်းသူ နော်ဝါစိုဖော ဗုံးစ ရင်ဘက်ထိမှန်ဒဏ်ရာဖြင့်သေဆုံး သွားခြင်း ဖြစ်သည်။

ထို့အပြင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နဲကရွာနေ သုံးတန်းကျောင်းသူ နော်သောရီဖော အသက် (၁၀) နှစ် တင်ပါး ထိခိုက်ဒဏ်ရာရခဲ့ပြီး စောမင်း အသက် (၅၄) နှစ်ကိုမူ ကျောရိုးဘယ်ဘက်ခြမ်း ဒဏ်ရာရ ခဲ့သလို နော်မူဆိ အသက်(၅၀) နှစ် သည်လည်း ခြေထောက်ထိခိုက် ဒဏ်ရာရ ရရှိခဲ့သေးသည်။

Photo: KNU

ဗုံးကြဲတိုက်ခိုက်မှုကြောင့် နဲက ရွာနေ စောပေထူး၊ နော်ဖောဖောနှင့် နော်မူစို တို့၏ နေအိမ်များ ထိခိုက်ပျက်စီးသွား သည်။

မြန်မာနိုင်ငံတွင် ငလျင်ဘေးကြောင့်ပြည်သူအများစု ဒုက္ခရောက်နေသည့်အချိန် တစ်ဖက်တွင်လည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ပြည်သူများအား အဓိကပစ်မှတ်ထား၍ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကို ဆက်တိုက်လုပ်ဆောင်လျက်ရှိသောကြောင့် ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်မှု များဖြင့် နေထိုင်နေရသည်ဟု ကေအဲန်ယူ-ဗဟိုက ပြောဆိုသည်။

ထို့အပြင် စစ်ကောင်စီက ငလျင်ဘေးကြောင့် ဧပြီ ၂ ရက်နေ့မှ ၂၂ ရက်နေ့ထိ အပစ်ရပ်ထားသည်ဟု ပြောဆို သော် လည်း ကေအဲန်ယူ၊ ခရိုင်အချို့ ၌ လက်နက်ကြီးပစ်ခတ်မှု စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု မြေပြင်စစ်ရေး သတင်းရင်းမြစ်များက ပြောသည်။