Home သတင်း KIC သတင်းဌာန၏ အတာသင်္ကြန် ဆုတောင်းစကား

KIC သတင်းဌာန၏ အတာသင်္ကြန် ဆုတောင်းစကား

175

KIC သတင်းဌာန၏ အတာသင်္ကြန် ဆုတောင်းစကား

ပိတောက်ဝါနှင့် ငုဝါတို့ ပွင့်လန်းတဲ့ တန်ခူးလအချိန်ခါ နွေဂိမ္မာန် အတာသင်္ကြန်ချိန်အတွင်း ရပ်ဝေးရပ်နီး၌ ရှိနေကြသော KIC သတင်းဌာန၏ စာဖတ်ပရိဿတ်အားလုံး စိတ်သောကလျော့ပါးခြင်း၊ ကိုယ်ကျန်းမာခြင်း ဖြင့် ရွှင်လန်းအေးမြကြပါစေကြောင်း သင်္ကြန်အကြို နှုတ်ခွန်းဆက်သလိုပါသည်။

သင်္ကြန်ဟူသည် ပြောင်းလဲခြင်း၊ ရွှေ့လျားခြင်းဟု အဓိပ္ပါယ်ဆောင်သည့်နည်းတူ မြန်မာသက္ကရာဇ် ၁၃၈၆ခု အကုန် ၁၃၈၇ခု နှစ်ကူးပြောင်းချိန်၌ နိုင်ငံအတွင်းအပြင်ရှိ တိုင်းရင်းသားပြည်သူများလည်း ကောင်းကျိုးဖြစ် ထွန်းစေမည့် ပြောင်းလဲမှုများကို ရယူပိုင်ဆိုင်နိုင်ကြပါစေကြောင်း KIC လုပ်ဖော်ကိုင်ဖက်များက နှစ်ကူးဆုတောင်းစကားပါးလိုပါသည်။

ကုန်လွန်ခဲ့သည့် နှစ်ဟောင်းတွင် တိုင်းရင်းသားပြည်သူများ ဖြတ်သန်းကြုံတွေ့ခဲ့ရသည့် နေ့စဉ် လူမှုဘဝ အခက်အခဲများနှင့် ငလျင် သဘာဝဘေးဒဏ် သက်ရောက်မှု အခက်အခဲများကိုလည်း မိမိတို့၏ အခက်အခဲ ကဲ့သို့ ထပ်တူ ခံစားသည့်အတွက် နှစ်သစ်တွင် KIC ပရိဿတ်အားလုံး စိတ်ခွန်အားများ ပြည့်၀ကြစေ ကြောင်း၊ အတာရေအေးဖြင့် အပူသောကများ အေးငြိမ်းကြပါစေကြောင်းနှင့် နှစ်သစ်တွင် ချမ်းသာသုခ များစွာ ရရှိစံစားနိုင်ကြပါစေကြောင်း လှိုက်လှဲစွာ ထပ်လောင်း မေတ္တာပို့ကာ အတာသင်္ကြန်ကို ကြိုဆိုရင်း နှစ်သစ်ဆုမွန်ကောင်း တောင်းလိုက်ပါရစေ။

ရဟန်းရှင်လူ တိုင်းရင်းသားပြည်သူများ ရေလိုအေး ပန်းလိုမွှေးနိုင်ကြပါစေ …။

ဧပြီလ ၁၃ရက် ၂၀၂၅။