Home သတင်း စစ်ကောင်စီကြောင့် မတ်လအတွင်း အမျိုးသမီး ၆၆ ဦးသေဆုံးဟု BWU ပြော

စစ်ကောင်စီကြောင့် မတ်လအတွင်း အမျိုးသမီး ၆၆ ဦးသေဆုံးဟု BWU ပြော

660

ဧပြီ ၂၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

စစ်ကောင်စီကြောင့် နိုင်ငံတစ်ဝှမ်းလုံး ပြီးခဲ့သည့် မတ်လအတွင်း အမျိုးသးမီး ၆၆ ဦး သေဆုံးခဲ့သည်ဟု မြန်မာ အမျိုုးသမီးသမဂ္ဂ(BWU) က ပြောဆိုသည်။

မြန်မာနိုင်ငံအတွင်း ပြီးခဲ့သည့်မတ်လအတွင်း အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ(၃၆၄၉)ဦးသေဆုံးအထိ ရှိနေသော်လည်းတစ်ဖတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ မတ် ၁ ရက်နေ့မှစတင်၍ မတ် ၃၁ ရက်နေ့အထိ မြန်မာနိုင်ငံအနှံ့ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အမျိုးသမီးစုစုပေါင်း ၆၆ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၈၈ ဦးအထိ ရှိသည်ဟု BWU ကပြုစုထားသည့် စာရင်းများအရ သိရသည်။

သေဆုံးခဲ့သည့် အမျိုးသမီး ၆၆ ဦးတို့မှာ စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၅၀ ဦး၊ လက်နက်ကြီးရမ်းသမ်း ပစ်ခတ်မှုများကြောင့် ၅ ဦး၊ မြေမြှပ်မိုင်းကြောင့် ၂ ဦး၊ သတ်ဖြတ်ခံရသူ ၇ ဦးနှင့် မီးရှို့ခံရသူ ရိုက်နက်ခံရသူ တစ်ဦးစီတို့ ဖြစ်သည်ဟု မြန်မာအမျိုုးသမီး သမဂ္ဂက ထုတ်ပြန်ပြောသည်။

ထို့အပြင် ထိခိုက်ဒဏ်ရာရရှခဲ့သည့် အမျိုးသမီး ၈၈ ဦးမှာလည်း လေကြောင်းတိုက်ခိုက်မှုကြောင့် ၄၉ ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၂၃ ဦး၊ မြေမြှပ်မိုင်းကြောင့် ၁၅ ဦး၊ နှင့် စစ်တပ်၏အကြောင်းမဲ့ ရိုက်နှက်ခံရမှု ကြောင့် ၁ ဦးတို့ပါဝင်သည်။

ယခုလိုစစ်ကောင်စီတပ်က ပြည်သူများအပေါ် အကြမ်းဖက်ကျူးလွန်မှုများကို အပြစ်ပေး အရေးယူနိုင်ရန်အတွက် အစွမ်းကုန် တာဝန်ယူဆောင်ရွက်မှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG က ယနေ့ဧပြီ ၂၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထို့အပြင်လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန အနေဖြင့်ပြည်သူတစ်ရပ်လုံး တန်းတူညီမျှရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှု ရရှိရေး ဦးတည်ချက်ကို ခိုင်ခိုင်မာမာ လက်ကိုင်ထားပြီး စစ်အုပ်စု၏ ကျူးလွန်မှုများကို အရေးယူ ဆောင်ရွက်သွားမည်ဟု ကိုလည်းထုတ်ပြန်ချက်၌ ပြောဆိုထားသည်။