ဧပြီလ ၂၁ ရက်နေ့ မြန်မာအပါအဝင် ထိုင်းနိုင်ငံတစ်ခုလုံး မြေငလျင်မှလှုပ်မည့်အကြောင်း စိစစ်ခြင်း
ဧပြီ ၄ ရက်၊ ၂၀၂၅ ခုနှစ်။
ကေအိုင်စီ, Lagon Eain, The Red Flag, MFCN
မြန်မာနိုင်ငံမြို့အများစုနှင့် ထိုင်းနိုင်ငံအနှံ့ တွင် ယခုလာမည့် ဧပြီလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းအချိန်၌ မြေငလျှင်များလှုပ်ခတ်မည်ဖြစ်ကြောင်း Tiktok နှင့် ဖေ့ဘွတ်ခ် စသည့် လူမှုကွန်ရက်စာမျက်နှာများမှတဆင့် သတင်းပျံ့နှံ့လျက်ရှိသည်။
ဧပြီ ၂၁ ရက်နေ့တွင် မြန်မာနှင့်ထိုင်းအပါအဝင် လာအို၊ ကမ္ဘောဒီးယား ကဲ့သို့ အာရှနိုင်ငံများတွင် ငလျှင်ဒဏ် သိသာစွာခံစားကြရမည်ဖြစ်သည့်အပြင် အဆောက်အဦးများ ပျက်စီးဆုံးရှုံးမှုများမည်ဖြစ်ကြောင်း JOHN(Palmistry) ဟု အမည်ပေးထားသည့် တစ်တော့ အသုံးပြုသူမှ မတ်လ(၃၁)ရက်နေ့တွင် စတင်ရေးသားခဲ့ခြင်းလည်းဖြစ်သည်။ မူရင်းလင့်ခ် (https://archive.ph/5MKOD)
၎င်းကို ကြိုက်နှစ်သက်သူ ၅သောင်း၁ထောင်ကျော်ရှိနေပြီး မှတ်ချက်ပေးသူ ၁,၄၆၇ ဦးနှင့် ထပ်ဆင့်မျှဝေသူ ၁သောင်း၉ထောင်ကျော်ရှိသည်။ ဖေ့ဘွတ်ခ်စာမျက်နှာ၌ ထပ်ဆင့်ဖြန့်ဝေနေသည့် မှတ်ချက်အများစုမှာလည်း ယုံကြည်ရကြောင်းပြောဆိုချက်များအဖြစ် တွေ့ရသည်။
အလားတူ Shortest07 ဟု အမည်ပေးထားတဲ့ တစ်တော့အကောင့်မှာလည်း ဖော်ပြထားတာကို တွေ့ရပြီး ကြိုက်နှင့်သက်သူ ၃သောင်း ၉ထောင်ကျော်၊ မှတ်ချက်ပေးသူ ၆၃၅ ဦးနဲ့ ထပ်ဆင်မျှဝေထားသူ ၁ သောင်းကျော် ရှိနေပါတယ်။ မူရင်းလင့် (http://archive.today/g83hl)
အဆိုပါဖော်ပြချက်အား Myanmar Fact Checking Network – MFCN အဖွဲ့ဝင် ကရင်သတင်းဌာန-KIC နဲ့ လဂွန်းအိမ် စာစဉ်မှ အချက်အလက်စိစစ်ဖော်ပြလိုက်ပါသည်။
အကြောင်းအရာများကို စိစစ်ကြည့်ခြင်း
“မြန်မာနိုင်ငံအတွင်း လှုပ်ခတ်မည့်ငလျှင်သည် အဖျားခတ်ရုံသာဖြစ်၍ ထိုင်းအပါအဝင် အာရှနိုင်ငံအားလုံးနီးပါးတွင် အားကောင်းသော ငလျှင်လှုပ်ခတ်မှုဖြစ်မည်”ဟု ဖော်ပြထားချက်ကို ထိုင်းနိုင်ငံ မိုးလေဝသနှင့်ငလျှင်အကြောင်း တင်ဆက်နေသည့် (กรมอุตุนิยมวิทยา) စာမျက်နှာမှာ သွားရောက်စိစစ်ကြည့်ချက်အရ လာမည့် ၂၁ ရက်နေ့တွင် ငလျှင်သတိပေးချက် ထုတ်ပြန်ထားမှု မတွေ့ရှိရပါ။
ထိုင်းနိုင်ငံ၏ မိုးလေဝသနှင့်ငလျှင်အကြောင်း သုံးသပ်ထုတ်ပြန်ချက်များကို ဤလင့်ခ်တွင် သွားရောက်လေ့လာနိုင်သည်။ https://www.facebook.com/share/19koWgziL8/
ထို့အပြင် ထိုင်း ငလျှင်နှင့်မိုးလေဝသခန့်မှန်းချက်များအရ Nationthailand သတင်းစာက ယမန်နေ့ကအထိ ထိုင်းနိုင်ငံအတွင်း အင်အား ၁ ဒဿမမှ ၃ ဒဿမကျော်အထိ ရှိသည့် ငလျှင်ငယ် ၉ ခုသာ နောက်ဆက်တွဲလှုပ်ခတ်ခဲ့၍ မြန်မာနိုင်ငံတွင်လည်း နောက်ဆက်တွဲငလျှင်ပေါင်း ၂၀၀ ကျော်လှုပ်ခဲ့ပြီးဖြစ်သည်ဟု ဖော်ပြထားသည်။ ၎င်းတွင် ဧပြီ ၂၁ ရက်နေ့ဖြစ်ပွားနိုင်သည့် ငလျှင်နှင့်ပတ်သက်၍ မပါရှိပေ။ (https://www.nationthailand.com/news/general/40048213)
ဧပြီ ၂၁ ရက်နေ့ တွင် အင်အားပြင်းငလျှင်ဖြစ်ပေါ်လာနိုင်ချေရှိမရှိ စိစစ်ကြည့်ခြင်း
အင်အားပြင်း ငလျှင်တို့၏ သဘာဝအရ တစ်ရက်၊ တစ်ပတ်မှ တစ်နှစ်ကြာသည်အထိ နောက်ဆက်တွဲငလျှင်များ လှုပ်ခတ်တတ်ကြောင်း မိုးလေဝသပညာရှင်များက ပြောဆိုသည်။
မြန်မာနိုင်ငံမှမိုးလေဝသပညာရှင် ဦးဝင်းနိုင်ကလည်း ပင်မမြေငလျှင်နှင့် ပြတ်ရွေ့အလျားကိုလိုက်၍ နောက်ဆက်တွဲငလျှင်များ လမှ နှစ်အထိ ဆက်၍ဖြစ်တက်သည်ဟု သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ထပ်ဆင့်မျှဝေအသိပေးထားသည်။ ၎င်းကို ဖော်ပြပါလင့်ခ် (https://www.facebook.com/share/p/1BXJzKKwbj/) တွင် ဝင်ရောက်ဖတ်ရှုနိုင်သည်။
အာရှအပြင်၊ ကမ္ဘာ့မြေငလျှင်သတင်းများ ခန့်မှန်းတင်ဆက်နေသည့် Earthquake News Everyday ၏ လှုမှုကွန်ရက်စာမျက်နှာတွင် ဧပြီလ ၃ ရက်နေ့မှ နောက် ၁၀ ရက်အတွင်း ပြင်းအား ၅.၀ မှ ၇.၂ အထိ ရှိနိုင်သော ငလျှင်များ ဂျပန်၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်နှင့်အင်ဒိုနီးရှားတို့တွင် ဖြစ်ပေါ်နိုင်ပြီး လာအို၊ ထိုင်း၊ ဗီယက်နမ်၊ ကိုရီးယားဦ ကမ္ဘောဒီးယားနှင့် မလေးရှားနိုင်ငံတို့တွင် ငလျှင်အသင့်အတင့်ဖြစ်ပေါ်နိုင်သည်ဟု ဖော်ပြထားသည်။
သို့သော် ထိုငလျှင်တို့ ဖြစ်ပွားနိုင်ခြေရှိမရှိ အတည်မပြုနိုင်သေးကြောင်းကိုလည်း Earthquake News Everyday က အဆိုပါပို့စ် (https://www.facebook.com/share/p/12CYh33BN4p/) တွင် နောက်ဆက်တွဲဖော်ပြသည်။
ထို့အပြင် သိပ္ပံဆိုင်ရာ အချက်အလက် စစ်ဆေးမှုများ ပြုလုပ်နေတဲ့ Fact Hub Myanmar ကလည်း “ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ…?” ဆိုတာနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောပြထားပါတယ်။
Fact Hub Myanmar က ဖော်ပြထားတဲ့ ဆောင်းပါးကို https://shorturl.at/C8hvD ဒီမှာ ဝင်ရောက်ဖတ်ရှု နိုင်ပါတယ်။
ထိုင်းနိုင်ငံအတွင်း ဧပြီလ(၂၁)ရက်နေ့၌ မြေငလျှင်သတိပေးချက် ရှိမရှိနှင့်ပတ်သက်၍ တာ့ခ်ခရိုင်နှင့်ဘန်ကောက်မြို့ နေထိုင်သူများသို့ ဆက်သွယ်မေးမြန်းခဲ့ရာ အွန်လိုင်းပေါ်ပျံ့နှံ့နေသည်ကိုသာ သိရှိ၍ တရားဝင်မိုးလေဝသ သတင်းချန်နယ်များတွင် မတွေ့ရှိရဟု ပြောသည်။
ထိုင်းနိုင်ငံ မိုးလေဝသဌာန – https://www.facebook.com/share/19koWgziL8/ မှာ ကြည့်ရှုနိုင်ပါတယ်။
ဘန်ကောက်မြို့အနီးနေထိုင်သူ အမျိုးသားတစ်ဦးက “ပုံမှန်ဆို ကျနော်တို့က ထိုင်းသတင်းနဲ့ တရားဝင်မိုးလေဝသသတင်းဌာနတွေမှာပဲ စောင့်ကြည့်တယ်၊ လတ်တလောမှာတော့ ငလျင်ဘာသတိပေးချက်မှ ပေးတာမရှိပါဘူး။ လိုင်းပေါ်မှာပျံ့နေတာပဲ တွေ့တယ်” ဟု ဧပြီလ(၂)ရက်နေ့က ပြောသည်။
ဖော်ပြပါ စိစစ်ချက်များအရ မည်သည့်နိုင်ငံတွင်မဆို ငလျှင်အတိအကျဖြစ်ပွားနိုင်ခြင်းရှိမရှိ သိပ္ပံနည်းလမ်းအရ တိုင်းတာနိုင်သည့် နည်းလမ်းမရှိသေးသလို ဧပြီ ၂၁ ရက်နေ့တွင် ထိုင်းနိုင်ငံအနှံ့ ငလျှင်ပြင်းထန်စွာလှုပ်ခတ်နိုင်သည့် ဖော်ပြချက်မှာလည်း အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း တွေ့ရသည်။
ငလျင်ကောလဟလများနှင့်ပတ်သက်၍ အကြံပြုချက်
• ငလျင်အပါအဝင် သဘာဝဘေးအန္တရာယ်သင့်သည့် ကာလများသည် ရှေ့ဖြစ်ဟောကိန်းများ၊ ဖွသတင်းများနှင့်ထင်မြင်ချက်များကို အလွယ်တကူမယုံကြည်ပါနှင့်။
• သတင်းမီယာသတင်းဌာနများ၊ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် ကျွမ်းကျင်ပညာရှင်တို့က အတည်ပြုထားသည့် သတင်းအချက်များကိုသာရှာဖတ်ပါ။
• နေ့စဉ် ငလျင်နဲ့ပတ်သက်ပြီး ကောလဟလများ ဖွသတင်းများများသံသယထားပြီး အချက်အလက် စစ်ဆေးတဲ့အဖွဲ့ တွေကိုပေးပို့မေးမြန်းပါ။
• ငလျင်အန္တရာယ်အသိပညာပေးအတိုင်း လိုက်နာဆောင်ရွက်ပါ။
• ငလျင်အပြီးနောက်ဆက်တွဲဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးနှင့်ပတ်သက်ပြီး ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်အတိုင်းလိုက်နာဆောင်ရွက်ပါ။
ငလျင်လှုပ်ခတ်ပြီးနောက် အရေးတကြီး ဆောင်ရွက်ရမယ့် အချက်များကို WHO Myanmar က ထုတ်ပြန်ထား တာကို https://www.facebook.com/share/p/14tXRyR32hV/ ဒီလခ့်မှာ ဝင်ရောက်ဖတ်ရှု နိုင်ပါတယ်။
MFCN က ဖော်ပြထားတဲ့ ငလျင်အန္တရာယ် အသိပညာပေးချက်တွေကို ဒီလခ့်မှာ ဝင်ရောက်ဖတ်ရှု နိုင်ပါတယ်။ (https://www.facebook.com/myanmarfactcheckingnetwork/videos/1223496576014714)
သုံးသပ်ချက်
ငလျှင်လှုပ်ခတ်ပြီးသည့်နောက်တွင် နောက်ဆက်တွဲငလျင်ငယ်များ ဆက်တိုက် လှုပ်ခတ်တတ်သလို နှစ်ချီအထိ ကြာမြင့်တတ်ကြောင်း ကျွမ်းကျင်ပညာရှင်များက ပြောဆိုကြသော်လည်း လာမည့် ဧပြီ ၂၁ ရက်နေ့တွင် သေချာပေါက် ငလျှင်လှုပ်ခတ်နိုင်ကြောင်း ခန့်မှန်းချက်မရှိပေ။
နောက်ဆက်တွဲငလျှင်အန္တရာယ် သတိထားနေထိုင်ရမည် မှန်သော်လည်း လတ်တလောတွင်လည်း မြန်မာပြည်အတွင်း ငလျှင်ကြီးထပ်မံလှုပ်ခတ်နိုင်သောကြောင့် နေရာရွှေ့ပြောင်းနေကြဖို့ နှိုးဆော်နေ သော်လည်း တိကျသေချာမှုရှိသည့် ခန့်မှန်းချက်မျိုးမရှိပေ။
အွန်လိုင်းပေါ်က ငလျင်နှင့် ပတ်သက်သည့် ထင်မြင်ချက်များ သုံးသပ်ချက်များကို ချက်ခြင်းမယုံကြည်ဘဲ ငလျင်ဆိုင်ရာ သတိပေးထုတ်ပြန်သည့် ပညာရှင်များ၊ မိုးလေဝသဌာနများကို စောင့်ကြည့်နားပြီး သတင်းမီဒီယာဌာနက သတင်းများကိုလေ့လာဖတ်ရှုပြီး သတင်းတု၊ သတင်းမှားများမှ ကြောင့် စိုးရိမ်လွန်ကဲမှုမဖြစ်စေရေး သတိပြုရမည်ဖြစ်သည်။
စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။
အလားတူ Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ KIC နဲ့ (https://web.facebook.com/KICNewsPage) နှင့် လဂွန်းအိမ် စာစဉ် (https://www.facebook.com/lagoneainbulletinmon) တို့ကို ဆက်သွယ်မေးမြန်း စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။
Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork