ဧပြီ (၂၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)၊ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်၊ လယ်ဒို(ကျောက်ကြီး)မြို့နယ် ကေအဲန်ယူလက်အောက်ခံတပ်ဖွဲ့များထံ ပြီးခဲ့သည့် ဇန်နဝါရီလမှ ယခုဧပြီလအတွင်း ဘက်ပြောင်းခိုလှုံလာသည့် စစ်အုပ်စုတပ်ဖွဲ့ဝင် (၃၀)ဦးထက်မနည်းရှိလာကြောင်း မြို့နယ်ကေအဲန်ယူ၏ ထုတ်ပြန်ချက်များအရ သိရသည်။
လယ်ဒိုမြို့နယ်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်-KNDO တပ်ရင်းများထံသို့ စစ်အုပ်စုဘက်မှခိုလှုံလာသူဦးရေကို...