Home သတင်း မန္တလေးနှင့် တောင်ကြီး အင်အားပြင်း ငလျင်လှုပ်၊ ထိုင်း-မြန်မာနယ်စပ်ထိ ငလျင်လှုပ်ခတ်သွား စစ်ကိုင်း တံတားဟောင်းကျိုးကျ တိုက်အိမ်များပြိုကြ

မန္တလေးနှင့် တောင်ကြီး အင်အားပြင်း ငလျင်လှုပ်၊ ထိုင်း-မြန်မာနယ်စပ်ထိ ငလျင်လှုပ်ခတ်သွား စစ်ကိုင်း တံတားဟောင်းကျိုးကျ တိုက်အိမ်များပြိုကြ

3159
Photo: Social Media

မတ် ၂၈၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ယနေ့ မွန်းလွဲပိုင်း မြန်မာစံတော်ချိန် ၁၂ နာရီ ၅၀ မိနစ်ကျော်အချိန်တွင် မြန်မာပြည် အလယ်ပိုင်း မန္တလေးမြို့ အနီး၌ ပြင်းအား မဂ္ဂနီကျု ၇.၇ ပြင်းအားရှိ ငလျင်လှုပ်ခတ်သွားသည်ဟု မြေငလျင်သတင်းများ စင်တာက ထုတ် ပြန်ပြောသည်။

ထို့အပြင် တောင်ကြီးမြို့အနီး ပြင်းအား မဂ္ဂနီကျူ ၇.၁ အဆင့်ရှိသည့် ငလျင်ထပ်လှုပ်သွားသည်ဟု အဆိုပါ မြေငလျင် သတင်းများစင်တာက သတင်းထုတ်ပြန်သည်။

ထိုသို့ မြေငလျင်လှုပ်ခတ်မှုကို ကော်သူးလေ ဒေသတွင်း၌ ကြုံတွေ့ခဲ့ရသည်ဟု ကေအဲန်ယူ၊ တော်အူး (တောင်ငူ) ခရိုင် တာဝန်ရှိသူများက ပြောဆိုသည်။

“ ဒီနေ့ နေ့လည် ၁၂ နာရီ ၅၀ မိနစ်မှာ ပြင်အားကြီး ငလျင်ကြီးတစ်ခု မြည်ဟီးလှုပ်ခတ်သွားပါတယ်” ဟု တောင်ငူ ခရိုင်အတွင်းရေးမှူး ပဒိုအယ်ဝါးက သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် ထုတ်ပြန်ပြောဆိုသည်။

Photo: Social Media

ယခုလို အင်အားပြင်းငလျင်လှုပ်ခတ်မှု ဒဏ်ကို ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့၌ လည်းသိသိသာသာ ခံစား ခဲ့ရသည်ဟု မဲဆောက်မြို့ရောက် ရှိနေသူများက ပြောသည်။

အင်အားပြင်း ငလျင် လှုပ်ခတ်သွားသည့် အတွက် ပြည်တွင်း၌ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်နိုင်ပြီး နောက်ဆက် တွဲ အခြေအနေများကို ကေအိုင်စီက ဆက်လက်မေးမြန်း အတည်ပြုနေဆဲဖြစ်သည်။

ငလျင်လှုပ်ခတ်မှု ဒဏ်ကို လူနေထိုင်မှုများသည့် ရန်ကုန်မြို့၌ လည်းသိသိသာသာခံစားခဲ့ရပြီး မြို့ခံတို့စိုးရိမ် ထိပ် လန့်မှုများ ဖြစ်ပေါ်နေသည်ဟု ရန်ကုန်မြို့ခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။