စက်တင်ဘာ (၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ဗီယက်နမ်ခရီးစဥ်အတွင်း ဗီယက်နမ်နှင့် မြန်မာ၊ နှစ်နိုင်ငံ ဆက်ဆံရေးအဓိကမဏ္ဍိုင်အဖြစ် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြကြောင်း နိုင်ငံတကာသတင်းဌာန ရိုက်တာက ဖော်ပြသည်။
ဗီယက်နမ်အစိုးရ၏တရားဝင်ဖိတ်ခေါ်မှုဖြင့် အာဏာသိမ်းသမ္မတနှင့်ဇနီးတို့ ဟနွိုင်းမြို့သို့ စက်တင်ဘာ(၄)ရက်နေ့က ရောက်ရှိနေခြင်းဖြစ်ပြီး စက်တင်ဘာ(၅)ရက်နေ့တွင်...