Home သတင်း မူးယစ်ဆေးအမှု တစ်လတွင်း လူ ၉၂ ဦးကို TNLA ဖမ်းဆီး

မူးယစ်ဆေးအမှု တစ်လတွင်း လူ ၉၂ ဦးကို TNLA ဖမ်းဆီး

117
Photo -TNLA

မတ် ၁၁ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ရှမ်းမြောက်ရှိ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA) ထိန်းချုပ်နယ်မြေတွင် ဖေဖော်ဝါရီ လအတွင်း မူးယစ်ဆေး ရောင်းဝယ်သူနှင့် သုံးစွဲသူ ၈၀ ဦးကို ဖမ်းဆီးထားသည်ဟု TNLA က ပြောသည်။

TNLA ထိန်းချုပ်နယ်မြေအတွင်းရှိ နမ့်ခမ်းမြို့နယ်၊ မိုးကုတ်မြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ ကျောက်မဲမြို့နယ်၊ နမ့်ဆန် မြို့နယ်နှင့် မိုင်းယော်မြို့နယ်အတွင်းတွင် ပြီးခဲ့သည့်ဖေဖော်ဝါရီလ တစ်လအတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ ၈၅ ဦး နှင့် ရောင်းဝယ်သူ ၇ ဦး စုစုပေါင်း ၉၂ ဦးကို TNLA ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ယခုလို ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် ရောင်းဝယ် ဖောက်ကားပြုလုပ်သူများကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည်ရဲတပ်ဖွဲ့က ၆ လကြာ အကျင့်စာရိတ္တ ပြုပြင်ရေးစခန်းသို့ ပို့ဆောင်ပေးခြင်းနှင့် ပြစ်မှုကြီးသည့်သူများကို ထောင်အတွင်း ထိန်းသိမ်းသွားမည် ဟု တာဝန်ရှိသူများက ပြောဆိုထားသည်။

ပြီးခဲ့သည့် ၂၀၂၄ခုနှစ် တစ်နှစ်အတွင်းတွင်လည်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး -PSLF/TNLA ၏ တအာင်းပြည်ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ စုစုပေါင်း ၁၉၂၃ ဦးကို ဖမ်းဆီးအရေးယူနိုင်ခဲ့သည်ဟု ၎င်းတို့က ထုတ်ပြန် ပြောဆိုထားသည်။