မတ် ၁၂၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မြ၀တီမြို့နယ်၊ ရွှေကုက္ကိုလ် ဒေသအတွင်း ကျားဖြန်ငွေလိမ်လုပ်ငန်းတွင် ဖမ်းဆီးထိန်းသိမ်းထားသော အဓိက ပုဂ္ဂိုလ် ၆ တွင် ဂျပန်နိုင်ငံသားတစ်ဦး ပါဝင်ပြီး ၎င်းတို့ကို တရားခံပုံစံဖြင့် လွဲပြောင်းပေးသွားမည်ဟု ကရင်နယ်ခြားစောင့်တပ် နယ်ခြားစောင့် -BGF က ပြောဆိုလိုက်သည်။
မတ် ၁၂ ရက်နေ့၊ ယနေ့နံနက်ပိုင်းတွင် ရွှေကုက္ကိုလ်၌ ပြုလုပ်သည့် ကျားဖြန့် နှိပ်နှင်းရေး သတင်းစာရှင်းလင်းပွဲ၌ BGF မှ ဒုဗိုလ်မှူးကြီးနိုင်မောင်ဇော်က ယခုလို ပြောဆိုခဲ့ခြင်း ဖြစ်သည်။
၎င်းက “အဲဒီပုဂ္ဂိုလ် တွေကျတော့ အရမ်းအရေးကြီးတဲ့သူတွေ ဖြစ်တယ်။ လွှဲဖို့ သက်ဆိုင်ရာနဲ့လည်း ချိတ်ထား တာ ရှိပါတယ်။ အရေးတဲ့သူတွေကတော့ ကျနော်တို့တရားခံပုံစံနဲ့ လွှဲပြောင်းမှာ ဖြစ်တယ်” ဟု ပြောသည်။
အဆိုပါ ဖမ်းဆီးထားသောအဓိကပုဂ္ဂိုလ် ၆ ဦးထဲ၌ ပါဝင်သည့် ဂျပန်နိုင်ငံသား တစ်ဦးကို ကောင်းမွန်စွာ ထိန်းသိမ်းထားသည်ဟု ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်က ဖြည့်စွက်ပြောသည်။
BGF ၏ လက်ရှိကျားဖြန့်တိုက်ဖျက်ရေးလုပ်ငန်းကို ဖေဖော်ဝါရီ ၁၄ ရက်နေ့မှ စတင်လုပ်ဆောင်ခဲ့ပြီး ယနေ့အထိ ကျားဖြန့်လုပ်ငန်းတွင် လူကုန်ကူးခံသူ နိုင်ငံပေါင်း ၃၀ တို့မှ လူ ၇,၅၂၃ ဦးကယ်ဆယ်ထိန်းသိမ်းထားပြီး ထိုအထဲမှ ၂,၇၆၃ ဦးကို လွှဲ ပြောင်းပြီး ဖြစ်သည်ဟု သိရသည်။