ဇူလိုင်၊ (၃၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ရှမ်းပြည်နယ်ထဲတွင် အမျိုးသမီးနှင့် ကလေးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာနှင့် ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှု(SGBV) ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေပြီး ရှင်သန်လွတ်မြောက်လာသူများကို အကာအကွယ်ပေးရန် တရားရေးစနစ်မှာမူ အားနည်းနေသည်ဟု ရှမ်းအမျိုးသမီးရေးရာဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်း(SWAN)က ဖော်ပြသည်။
ရှမ်းပြည်နယ်တွင် SGBV ဆိုင်ရာကျူးလွန်မှုများ ကျယ်ပြန့်စွာ ဖြစ်ပွားနေမှုနှင့် တာဝန်ယူမှု တာဝန်ခံမှု...