Home သတင်း အမေရိကန်ရောက် ဒုက္ခသည်များ နေရာချထားရေး ရန်ပုံငွေ ဒေါ်လာ ၄ သန်း ပယ်ဖျက်ခံရ၍ အလှူရှင်များ ရှာဖွေနေ

အမေရိကန်ရောက် ဒုက္ခသည်များ နေရာချထားရေး ရန်ပုံငွေ ဒေါ်လာ ၄ သန်း ပယ်ဖျက်ခံရ၍ အလှူရှင်များ ရှာဖွေနေ

650
Photo: Social Media

ဇန်နဝါရီ ၂၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

အမေရိကန်သို့ ခိုလှုံခွင့်ရပြီး ရောက်ရှိလာသည့် မြန်မာအပါအဝင် နိုင်ငံအသီးသီးမှ ဒုက္ခသည်များ ပြန်လည်နေရာချ ထားရေးနှင့် ထူထောင်ရေးလုပ်ငန်းများအတွက် ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၄ သန်းကို သမ္မတ ဒေါ်နယ် ထရမ့် က ပယ်ဖျက်လိုက်သည့်အတွက် ကူညီပေးနေသည့် အေဂျင်စီက အရေးပေါ်အလှူရှင်များရှာဖွေနေသည်ဟု CT Mirror သတင်း၌ ဖော်ပြထားသည်။

ထိုသို့ အမေရိကန်သို့ တရားဝင်ခိုလှုံခွင့်ဖြင့် ရောက်ရှိလာသူများကို နေရာချထားပေးရေး လုပ်ဆောင်နေသည့် နယူးဟဲဗန်း ဒုက္ခသည်နေရာချထားရေး ဝန်ဆောင်မှုအေဂျင်စီ(IRIS) အနေဖြင့် ယခုနှစ်တွင် ဒုက္ခသည် ၈၀၀ ဦး ခန့်ကို ကူညီရန် စီစဉ်ထားပြီး လက်ရှိ ဒုက္ခသည် ၂၀၀ ဦးခန့် ရောက်ရှိနေပြီးဖြစ်သည့်အတွက် ယခုလို အရေးပေါ် ရန်ပုံ ငွေရှာဖွေနေခြင်းဖြစ်သည်ဟု သိရသည်။

“ဒီလူတွေက ခုမှဒီကိုရောက်လာကြတာ။ ဒါကဂိမ်းတစ်ခုမဟုတ်ပါဘူး။ ဒါတွေဟာ ကွန်ပျူတာတစ်ခုလို ချက်ချင်း ပိတ်လို့ရတဲ့ ပရိုဂရမ်တွေမဟုတ်ပါဘူး။ ဒါတွေက လူသားတွေပါ။ သူတို့ အခုတော့ ကြောက်နေရပါပြီ” ဟု IRIS အမှုဆောင်ဒါရိုက်တာ မစ်ဂီမစ်ချယ်ဆလမ်က ပြောသည်။

အမေရိကန်ရောက် ဒုက္ခသည်များ ပြန်လည်နေရာချထားရေးအတွက် ဝန်ဆောင်မှု အေဂျင်စီ (IRIS) ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဒုက္ခသည်ပြန်နေရာချထားရေးအတွက် အမေရိကန် ဒေါ်လာ ၃ သန်း ပေးရန် စာချုပ်၊ ချုပ်ဆိုထားခြင်း ဖြစ်သော်လည်း ယခုလို စာချုပ်ဖျက်သိမ်းခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

သို့သော် IRIS အနေဖြင့် အမေရိကန်သို့ ရောက်ရှိနေပြီး ဖြစ်သည့် မြန်မာ၊ ကွန်ဂို၊ ဆိုမာလီယာ၊ အီသီယိုးပီးယား၊ ဆီးရီးယားနှင့် ဆူဒန်တို့မှ ဒုက္ခသည် ၂၀၀ ဦးကို ဆက်ကူညီသွားရန် ကြိုးပမ်းနေသည်ဟု ပြောဆိုသည်။

Source: CT Mirror