Home သတင်း တနင်္သာရီတွင် စစ်ကောင်စီ ဆန်အိတ် ၂,၀၀၀ ကျော် ကေအဲန်ယူ သိမ်းဆည်းရမိ

တနင်္သာရီတွင် စစ်ကောင်စီ ဆန်အိတ် ၂,၀၀၀ ကျော် ကေအဲန်ယူ သိမ်းဆည်းရမိ

734
Photo-ကွယ်ကလူသတင်း

ဇန်နဝါရီ ၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်း၊ တနင်္သာရီ မြို့နယ်တွင် စစ်ကောင်စီတပ်ရိက္ခာများ တင်ဆောင်လာသော စက်လှေတစ်စင်းပေါ်မှ ဆန်အိတ်ပေါင်း ၂,၀၀၀ ကျော်ကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၄ က သိမ်းဆည်းရမိသည်ဟု ကရင်ဘာသာဖြင့်ရေးသားနေသော ကွယ်ကလူသတင်းတွင် ယနေ့ ဖော်ပြထားသည်။

Photo-ကွယ်ကလူသတင်း

စစ်ကောင်စီတပ်ဖွဲ့အတွက် ရိက္ခာများတင်ဆောင်လာသော မြတ်သီရိအောင် အမည်ရ စက်လှေကြီးတစ်စင်းကို ဇန်နဝါရီလ ၂ ရက်နေ့က ပင်လယ်ကမ်းစပ်တစ်နေရာတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း (၁၁)က ဖမ်းဆီးရမိခဲ့ရာ စက်လှေပေါ်မှ စစ်ကောင်စီတပ် ဆန်အိတ် စုစုပေါင်း ၂,၈၅၀ အိတ်နှင့် အခြားရိက္ခာပစ္စည်းများကို ကေအဲန်ယူက သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်ဟု ကွယ်ကလူသတင်းတွင် ဖော်ပြထားသည်။

Photo-ကွယ်ကလူသတင်း

အဆိုပါ ဖမ်းဆီးရမိသည့် စက်လှေမှာ ရွှေဂဲညိုကျေးရွာနေ ပျူစောထီး(ပြည်သူ့စစ်)ခေါင်းဆောင် ဦးရှိန်ညွန့် နှင့် ပတ်သက်ဆက်နွှယ်မှုရှိသည်ဟုလည်း ကေအဲန်ယူက ပြောသည်။