Home သတင်း ကန်ချနပူရီတွင် မြန်မာ ၂ ဦး လူမှောင်ခိုကူးမှုဖြင့် ထိုင်းတာဝန်ရှိသူများဖမ်းဆီး

ကန်ချနပူရီတွင် မြန်မာ ၂ ဦး လူမှောင်ခိုကူးမှုဖြင့် ထိုင်းတာဝန်ရှိသူများဖမ်းဆီး

689
Photo: Bangkok Post

ဇန်နဝါရီ ၁၃ ရက် ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ ဆန်ခလာပူရီခရိုင်တွင် မြန်မာ အမျိုးသားနှစ်ဦးကို တရားမဝင်ရွှေ့ပြောင်း အလုပ်သမား ၆ ဦးအား လူမှောင်ခိုကူးမှု ဖြင့် ဇန်နဝါရီ ၁၂ ရက်နေ့၊ နံနက်ပိုင်းတွင် ထိုင်းတာဝန်ရှိသူများက ဖမ်းဆီးခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြ ထားသည်။

အဆိုပါ ဖြစ်စဉ်မှာ မြန်မာနိုင်ငံသား ယာဉ်မောင်းနှင့် ယာဉ်၏ခေါင်းခန်း၌ လိုက်ပါလာသူတစ်ဦးကို ဆန်ခလာပူရီခရိုင်၊ အမှတ် ၄ ကျေးရွာရှိ စစ်ဆေးရေးဂိတ်၌ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ယာဉ်ပေါ်တွင် မြန်မာနိုင်ငံသား အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၅ ဦးတို့ကို ကား၏ နောက်ခန်းထဲတွင် တွေ့ရှိရပြီး မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထား စာရွက်စာ တမ်းများမရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

မြန်မာယာဉ်မောင်းအနေဖြင့် ဆန်ခလာပူရီခရိုင် တောလမ်းတစ်ခုမှ ရွှေ့ပြောင်းအလုပ်သမား ၆ ဦးကို တင်ဆောင်လာခြင်းဖြစ် ပြီး မူအန်ခရိုင်သို့ ပို့ဆောင်ရန် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း ယာဉ်မောင်းက ရဲတပ်ဖွဲ့ဝင်များထံ ဝန်ခံထွက်ဆိုထားသည်။

ယာဉ်မောင်းဖြစ်သူသည် ရွှေ့ပြောင်းအလုပ်သမားတစ်ဦးစီထံမှ ဘတ်ငွေ ၃,၀၀၀ စီ ကောက်ခံခဲ့သည်ဟု ရဲအဖွဲ့ဝင် များက ပြောဆိုသည်။

——–
ကိုးကား-ဘန်ကောက်ပို့စ်