Home သတင်း မြဝတီမြို့ ၅ ရပ်ကွက်၌ အိမ် ၃ လုံးနှင့် တန်းလျားဆောင် မီးလောင်

မြဝတီမြို့ ၅ ရပ်ကွက်၌ အိမ် ၃ လုံးနှင့် တန်းလျားဆောင် မီးလောင်

174
Photo: CJ

ဇန်နဝါရီ ၁၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာ နယ်စပ်၊ မြဝတီမြို့ အမှတ် (၅) ရပ်ကွက်၊ ဆင်းဆွေလီ (၃) လမ်းရှိ အိမ် ၃ လုံးနှင့် တန်းလျားဆောင် မီးလောင်မှု ယနေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့သည်ဟု မြို့ခံများက ပြောသည်။

အဆိုပါ မီးလောင်မှုသည် တန်းလျာဆောင်၊ မီးဖိုးခန်းတစ်ခုမှ စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး အနီးရှိ အိမ် ၃ လုံးသို့ မီးကူးစက်လောင်ကျွမ်း ခဲ့ခြင်းဖြစ်သည်ဟု မြို့ခံတစ်ဦးက ယခုလို ပြောသည်။

“တန်းလျားကနေစပြီးတော့ မီးလောင်တယ်။ ပေါ့ဆမီးကြောင့် လောင်ကျွမ်းတယ်။ အိမ်(၃)လုံး ပါသွားတယ်။ တန်းလျားတစ်လုံး ပါသွားတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောဆိုသည်။

ထို့အပြင် မီးလောင်သည့်နေရာသို့ မြဝတီမြို့ရှိမီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်ဖြင့် ရေ ၆ ကြိမ်ဝန်းကျင် သယ်ဆောင် မီးငြိမ်းသတ်ခဲ့သလို အနီးရှိ ရပ်ကွက်နေသူများကလည်း ဝိုင်းဝန်းကူညီမီးငြိမ်းသတ်ခဲ့သည်။ အဆိုပါ မီးလောင်မှုကြောင့် လူထိခိုက်မှု တစ်စုံတစ်ရာမရှိကြောင်း ဒေသခံများထံမှ ကနဦး သိရသည်။