Home သတင်း ထိုင်းရောက် မြန်မာ အလုပ်သမားများ၏ ကလေးများကို မှတ်ပုံတင် ထုတ်ပေးမည်

ထိုင်းရောက် မြန်မာ အလုပ်သမားများ၏ ကလေးများကို မှတ်ပုံတင် ထုတ်ပေးမည်

149
Photo: Social Media

ဇန်နဝါရီ ၁၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာအလုပ်သမားများ၏ ကလေးများကို မှတ်ပုံတင် ထုတ်ပေးသွားမည်ဟု ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက ဇန်နဝါရီ ၁၀ ရက်နေ့တွင် ထုတ်ပြန်ပြောသည်။

အဆိုပါ လုပ်ငန်းစဉ်တွင် မြန်မာအလုပ်သမား ကလေးများကို အသက် ၁၀ နှစ်ပြည့်နှင့် ၁၈ နှစ်ပြည့် နိုင်ငံသား စိစစ်ရေး ကဒ်ပြားထုတ်ပေးခြင်း၊ လဲပေးခြင်း စသည့် လုပ်ငန်းစဉ် ၄ ခုကို လုပ်ဆောင်ပေးသွားမည်ဟု မြန်မာသံရုံး က ပြောသည်။

ယခုလို လုပ်ပေးမည့်အပေါ် ကောင်းမွန်သော်လည်းကုန်ကျစရိတ် များလာမည်ကို စိုးရိမ်ကြောင်း၊ လာမည့် ဖေဖော်ဝါရီတွင် ဗီဇာကုန်ဆုံးမည့် အလုပ်သမားများ အတွက် သံရုံးထောက်ခံစာ ထုတ်ပေးခြင်း စသည့် လုပ်ငန်း စဉ်များကိုလည်း လုပ်ဆောင်ပေးစေလိုသည်ဟု ရွှေ့ပြောင်း အလုပ်သများ တစ်ဦးကို ပြောသည်။

“အခုလို လုပ်ပေးသွားမှာကို ဝမ်းသာပေမဲ့ တစ်ခုတစ်ခု လုပ်ဖို့က စရိတ်များတယ်။ ပြီးတော့ အရေးကြီးဆုံးက နှစ် လပိုင်းမှာ ဗီဇာကုန်မဲ့သူတွေအတွက် သံရုံးကထောက်ခံပေးဖို့ လက်မှတ်လည်း မထိုးပေးဘူး။ လှုပ်ရှားမှုလည်း မရှိ ဘူး။ ထုတ်ပြန်ထားတာတွေလည်း မရှိသေးဘူး။ အဲ့ဒီအတွက် ကုန်ကျစရိတ်တွေက ပိုများနေတယ်”ဟု ၎င်းက ကေအိုင်စီသို့ ပြောဆိုသည်။

မြန်မာသံရုံး အနေဖြင့် ရွှေ့ပြောင်းအလုပ်သမားများ၏ ကလေးများကို သန်းခေါင်စာရင်း ခေါ် အိမ်ထောင်စု လူဦး ရေးစာရင်း၌ ထည့်သွင်းပေးခြင်း၊ အိမ်ထောင်စုစာရင်း ရှိသော်လည်း ကိုင်ဆောင်လက်မှတ်မရှိသူ အခွန်ထမ်း အလုပ်သမား များ၏ သားသမီးများကို ၁၀ နှစ်နှင့် ၁၈ နှစ်ပြည့် ကိုင်ဆောင်လက်မှတ်များ ထုတ်ပေးခြင်းများ လုပ်ဆောင်သွားမည် ဖြစ်သည်။

ထို့အပြင် အခွန်ထမ်း အလုပ်သမားနှင့် ၎င်းမိသားစု ကိုင်ဆောင်လက်မှတ်၊ ပျောက်ဆုံး၊ ပျက်စီးမှုများကို မိတ္တူ ထုတ်ပေးခြင်း စသည်တို့ကို မြန်မာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများက ၆ လကြာ တွဲဖက်လာရောက်လုပ်ကိုင်ပေးမည်ဖြစ်ပြီး ဖြည့်သွင်းရမည် ပုံစံများကို ဆက်ထုတ်ပြန်မည်ဟု မြန်မာသံရုံး က ထုတ်ပြန်ထားသည်။