ဇန်နဝါရီ ၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ လုဘူရီ အဝေးပြေးလမ်းမ၌ ဆာရာဘူရီခရိုင်တွင် ရွှေ့ပြောင်းအလုပ်သမားများ ပို့ဆောင်ရာတွင် အသုံးပြုသည့် ကားသုံးစီးပေါ်မှ တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ၅၈ ဦးကို ထိုင်းအာဏာ ပိုင်တို့က ဖမ်းဆီးရမိခဲ့သည်ဟု ပတ္တယားနယူး သတင်းတွင် ဖော်ပြထားသည်။
အဆိုပါ လုဘူရီ အဝေးပြေးလမ်းပေါ်တွင် ထိုင်းအာဏာပိုင်များက ရွှေ့ပြောင်း အလုပ်သမားများ မှောင်ခိုတင်ဆောင်သည့်ဟု သတင်းရရှိပြီးနောက် စောင့်ကြည့်နေချိန်တွင် မသင်္ကာဖွယ် ကားများကို ရပ်တန့်ခိုင်းပြီး စစ်ဆေးရှာဖွေရာမှ ယခုလို ဖမ်းဆီး ရမိခြင်း ဖြစ်သည်။
ထိုသို့ ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံအတွင်း တရားမ၀င်ဝင်ရောက်လာကြောင်း ဝန်ခံခဲ့ပြီး ဥပဒေအရ ဆက်လက်ဆောင်ရွက်ရန် ဖာသနာနခွန် ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်နေ့တွင်လည်း ကုန်တင်ကားနှင့် မှောင်ခိုတင်သွင်းလာသော မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၄ ဦး မဲဆောက်မြို့ စစ်ဆေးရေးဂိတ်တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့သေးသည်။
ကိုးကား-The Pattaya News



















