Home သတင်း တစ်နှစ်အတွင်း ပြည်သူပေါင်း ၇,၅၀၀ နီးပါး ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ဟု လောင်းလုံး (ပကဖ) ထုတ်ပြန်

တစ်နှစ်အတွင်း ပြည်သူပေါင်း ၇,၅၀၀ နီးပါး ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ဟု လောင်းလုံး (ပကဖ) ထုတ်ပြန်

68
Photo: LLPDF

ဇန်နဝါရီ ၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်အခြေစိုက် လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖ၏ဆေးအဖွဲ့မှ ၂၀၂၄ ခုနှစ်၊ တစ်နှစ်တာကာလပတ်လုံး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အပါအဝင် ပြည်သူ (၇,၅၀၀) နီးပါးကို ကျန်းမာရေးကူညီစောင့်ရှောက်မှုပေးနိုင်ခဲ့သည်ဟု အဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာတွင် ယမန်နေ့က ထုတ်ပြန်ထားသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ လောင်းလုံး(ပကဖ)၏ ဆေး ဘက်ဆိုင်ရာအဖွဲ့ (Medical Team)မှ လောင်းလုံးတစ်မြို့နယ်လုံးရှိ ပြည်သူ (၅,၄၆၄ )ဦးနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင် (၁,၉၈၉) ဦးအား ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ခဲ့ခြင်းဖြစ်သည်ဟု ထိုထုတ်ပြန်ချက်အရ သိရသည်။

“ဒီတစ်နှစ်ပတ်လုံးမှာ စစ်ဘေးရှောင်ရယ်၊ ပြည်သူရယ်၊ ရဲဘော်ရယ်ကို အဓိကထားပြီး ဆေးကု သမှုပေးပါတယ်။ အရေးပေါ်အနေအထားမှာလည်း ချက်ချင်းကူညီနိုင်ခဲ့တယ်။ ပုံမှန် လုပ်ဆောင်ချက် အတိုင်း ဆက်သွားမယ်။ ဆေးဝါးအတွက် ရလာတဲ့ အကူအညီတွေအပေါ် ထပ်ချဲ့ပြီးတော့ ကြိုးစားသွားမယ်။” ဟု လောင်းလုံး ပကဖမှ တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ကွင်းဆင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ လုပ်ဆောင်ရာတွင် နယ်မြေ အခြေအနေအရ သွားရေးလာရေး အခက်အခဲရှိသော်လည်း တိုက်ပွဲဖြစ်နေသော အနီးစပ်ဆုံးနေရာများအထိ ရဲဘော်များအတွက် သွားရောက်ကုသပေးနိုင်ခဲ့သည်ဟုလည်း အဆိုပါ တာဝန်ရှိသူက ဆက်ပြောသည်။

Photo: LLPDF

ပြည်သူများအပါအဝင် တော်လှန်ရေးတပ်ဖွဲ့ဝင်များအတွက် ကျန်းမာရေးဆိုင်ရာ ကူညီစောင့် ရှောက်မှုပေးရာ၌ အမျိုးသားညီညွတ်ရေးအစိုးရ-NUG၏ ကျန်းမာရေးဝန်ကြီးဌာန(MOH) မှ ထောက်ပံ့မှု၊ ပြည်တွင်းပြည်ပအဖွဲ့၊ အလှူရှင်များ၏ ထောက်ပံ့မှုကြောင့် လုပ်ဆောင် နိုင်ခဲ့ခြင်းဖြစ်ကြောင်း လောင်းလုံးမြို့နယ် (ပကဖ)က ထုတ်ပြန်ချက်တွင် ‌‌ဖော်ပြထားသည်။

လောင်းလုံး (ပကဖ)၏ ဆေးဘက်ဆိုင်ရာအဖွဲ့ကို ဆေးသင်တန်းပြီးမြောက်ထားသော တပ်ဖွဲ့ ဝင်များဖြင့် ဖွဲ့စည်းထားပြီး လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် ဆေးသင် တန်းများ အပတ်စဥ်အလိုက်ဖွင့်လှစ်ပေး၍ သင်တန်းပြီးဆုံးပါက သက်ဆိုင်ရာ နယ်မြေအလိုက် တာဝန်ချထားမှုများ လုပ်ဆောင်လျက်ရှိသည်ဟုလည်း အဖွဲ့တာဝန်ရှိသူက ဆိုသည်။

အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းဒေသကြီးရှိ မြို့နယ်အလိုက် စစ်ကောင်စီကို ဆန့်ကျင် တိုက်ခိုက်သည့် တော်လှန်ရေးအင်အားစုအများအပြား ပေါ်ပေါက်လာပြီး တပ်ဖွဲ့ဝင်များ၏ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ချက်အတွက် အချို့တော်လှန်ရေးအင်အားစုများမှာ ဆေးတပ်သား များခေါ်ယူ၊ ဆေးသင်တန်းများဖွင့်လှစ်၍ တပ်ဖွဲ့ဝင်များကိုသာမက ၎င်းတို့ဒေသရှိပြည်သူလူထုသို့ ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိသည်ဟု လောင်းလုံး (ပကဖ)က ပြောသည်။