Home တွေ့ဆုံမေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမား ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်နီနှင့် မေးမြန်းခြင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမား ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်နီနှင့် မေးမြန်းခြင်း

823

အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမား ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်နီနှင့် မေးမြန်းခြင်း

————-
“တော်လှန်ရေးရဲ့ အဓိကရင်းမြစ်က ပြည်ပမှာအလုပ်လုပ်နေတဲ့ နိုင်ငံသားတွေပါ” ဒုဝန်ကြီး ဦးကျော်နီ

ထိုင်းရောက်ရွှေ့ပြောင်းအလုပ်သမားများအရေးနှင့် ပတ်သက်၍ ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း အမျိုးသားညီညွတ် ရေးအစိုးရ(NUG)၊ အလုပ်သမားဝန်ကြီးဌာနက ဆက်တိုက်ကူညီဆောင်ရွက်ပေးခဲ့မှုများ ရှိခဲ့သည်။ ထိုသို့ ကူညီ ဆောင်ရွက်ပေးမှု များပြားလာသည့်အခြေအနေ၊ ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့်အခက်အခဲ၊ ဝန်ကြီ ဌာန၏ ရှေ့လုပ်ငန်းစဉ် စသည်တို့နှင့် ပတ်သက်၍ ဒုတိယဝန်ကြီး ဦးကျော်နီနှင့် ဆက်သွယ်မေးမြန်း ထားသည်များကို ပြန်လည် ဖော်ပြလိုက်ပါသည်။

မေး။ ။ အခုဆရာတို့ဝန်ကြီးဌာနက ထိုင်းရောက်ရွှေ့ပြောင်း လုပ်သားတွေရဲ့ အခက်အခဲပြဿနာ ၁၄ ခုကျော် နှစ်လအတွင်း လုပ်ဆောင်ပေးတယ်လို့ ထုတ်ပြန်ထားတာတွေ့ရပါတယ်။ အခုလို ဖြေရှင်းပေးတာ များလာတဲ့ အခြေအနေကို ရှင်းပြပေးပါ။
ဖြေ။ ။ ကျနော်တို့ အလုပ်သမားပြဿနာ ဖြေရှင်းပေးဖို့ဆိုတာဝန်ကြီးဌာနရဲ့အဓိကတာဝန်ထဲမှာလည်း ပါတယ်။ ကျနော်တို့ ဝန်ကြီးဌာနက အစိုးရအဖွဲ့စဖွဲ့ပြီး ကတည်းကိုယ်က ကျိုးစားထားပါတယ်။ တကယ်တမ်း ကျနော်တို့ ထိထိ ရောက်ရောက်လုပ်နိုင်တာကတော့ ၂၀၂၄ ထဲမှာမှ ပိုပြီးထိထိရောက်ရောက်လုပ်နိုင်တယ်ပေါ့။ အရင်တုန်း ကတော့ ကျနော်တို့ မိတ်ဖက်အဖွဲ့အစည်းတွေ ပေါ့နော်။ တချို့တွေကနေပြီးတော့ နည်းနည်းပါးပါးပေါ့ အဲ့ဒီလောက်လေးပဲ ကူညီပေးနိုင်တယ်။

အခုတော့ ဒီဟာအတွက်ကို ဘာဂျက်လျာထားပြီးတော့ သုံးစွဲပြီးတော့ ကူညီပေးနေတယ်။ ဝန်ကြီးဌာန တာဝန်ရှိ သူတွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေပေါ့နော်၊ သိတဲ့အတိုင်းပဲ ထိုင်းထဲမှာရှိနေတဲ့အတွက်ကြောင့် ထိုင်းထဲမှာ အလုပ်သမားရေးရာ ကျွမ်းကျင်တဲ့သူတွေရဲ့ အကူအညီတွေဟာလည်း လိုတယ်။ ဒါကြောင့် သူတို့တွေရဲ့ အကူအညီတွေနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ပေးနေတာပေါ့။ ပူးပေါင်းပြီးဆောင်ရွက်ပေးနေ တာတွေကတော့ တော်တော်လေး အားကောင်းလာတယ်လို့ ပြောရမယ်ပေါ့နော်။

တိုင်ကြားမှုတွေကို ဖြေရှင်းပေးတဲ့ အခါမှာ ဒီထိုင်းရဲ့ ယန္တရားပေါ့နော်၊ သူတို့ရဲ့ ဒီအလုပ်သမား ဝန်ကြီးဌာနက ယန္တရားကလည်း သူတို့ဥပဒေနဲ့အညီပေါ့နော်။ သူတို့က သေသေချာချာလေး ဆောင်ရွက်ပေးတယ်ပေါ့။ ဒီအခွင့် အရေးရရှိအောင် အဲ့အခါကျတော့်ကျနော်တို့ အလုပ်သမားတွေရဲ့ နှစ်နာမှုတွေကို တိုင်တဲ့အခါမှာ ရရှိလာတဲ့ အတွက် ပိုပြီးတော့ တိုင်ကြားလာတယ်ပေါ့။ အမှုလက်ခံရရှိတာတွေလည်း ပိုများလာတယ်ပေါ့။

မေး။ ။ ထိုင်းရောက်ရွှေ့ပြောင်း အလုပ်သမားတွေ လုပ်ငန်းခွင်မှာ ဘယ်လို ပြာဿနာတွေ အဖြစ်များလဲဆိုတာ ပြောပါပေးပါ။
ဖြေ။ ။ အခုဒီမှာ ရထားတဲ့ တိုင်ကြားမှု၊ ဖြေရှင်းမှုတွေမှာတော့၊ များတဲ့ပြဿနာကတော့ လုပ်အားခ မရှင်း ပေးတဲ့ ပြဿနာပေါ့။ နောက်ပြီးတော့ လုပ်ငန်းခွင်ထိခိုက် ဒဏ်ရာရတာတွေ၊ နောက် ကြိုပြီးတော့ အကြောင်း မကြားပဲနဲ့ အလုပ်ခွင်ထဲကနေ အလုပ်ထုတ်လိုက်တာပေါ့နော်။ နောက်တစ်ခုကတော့ အလုပ်သမားတွေရဲ့ စာရွက် စာတမ်း၊ ဘဏ်စာအုပ်တွေကို အလုပ်ရှင်တွေက သိမ်းထားတာတွေ၊ ဒီလိုမျိုးအမှုတွေများတယ်။ ဒါက ဝန်ကြီးဌာန နဲ့လည်း တိုက်ရိုက်သက်တိုင်တာတွေပေါ့နော်။ အဲ့ဒီပြဿနာတွေကိုတော့ တိုက်ရိုက်ကိုင်တွယ် ဖြေရှင်းပေးတယ်။

မေး။ ။ အခွင့်အရေးချိုးဖောက်ခံရမှုတွေအတွက် တိုင်ကြားရေး ယန္တာရား တစ်ခု ဖွင့်ထားတာ တွေ့ရတယ်။ တိုင်ကြားစာတွေ ရောက်ရှိမှု အခြေအနေကိုလည်း ပြောပြပေးပါ။
ကျနော်တို့ တိုင်ကြားရေယန္တရား (Page) ဖွင့်တယ်။ နဂိုတည်းကိုကလည်း ဝန်ကြီးဌာန အီးမေး Hot line ပေါ့နော်၊ ဖုန်းနံပါတ်တွေ ပေးထားတယ်ပေါ့နော်။ အခုဆိုလို့ယှဉ်ရင်တော့ တိုင်ကြားရေး ယန္တရား Page ကနေပြီးတော့ အဓိက တိုင်ကြားတယ်။ နောက်ပိုင်းကြတော့ သူတို့ အချင်းချင်း ကျယ်ပြန့်သွားတာကနေပြီးတော့ သူတို့ အချင်းချင်း ဖုန်းဆက်တိုင်တာ၊ အချင်းချင်း လက်ဆင့်ကမ်းပြီးတော့ ဒီကနေတိုင်လို့ ရတယ်ဆိုပြီးတော့ပေါ့။

အဓိကအားဖြင့်တော့ တိုင်ကြားရေးယန္တရား စာမျက်နှာရှိမယ်၊ ဝန်ကြီးဌာနရဲ့ Page စာမျက်နှာရှိမယ်။ ဝန်ကြီး ဌာနရဲ့ messenger ကို လာပြီးတိုင်ကြားရင်လည်း ကျနော်တို့က တိုင်ကြားရေးယန္တရားကို ပြန်ပြီးတော့ ညွှန်းတယ် ပေါ့၊ ပြီးတော့ ကျနော်တို့ ဖုန်းနံပါတ်တွေ signal တွေ အဲ့ကနေပြီးတော့ တိုင်ကြားနိုင်တယ်ပေါ့နော်။ အဲ့ကနေ ကျနော်တို့ တိုင်ကြားစာတွေ လက်ခံရရှိနေပါတယ်။

မေး။ ။ ရှေ့ဆက်ပြီးတော့ ရွှေ့ပြောင်းအလုပ်သမားတွေကို ဘယ်လို ဆက်ကူညီသွားဖို့ စီစဉ်ထားလဲဆိုတာ ရှင်းပြ ပေးပါ။
ကျနော်တို့က ဒီရွှေ့ပြောင်းအလုပ်သမားနဲ့ ပတ်သက်လို့ယှဉ်ရင်ပေါ့၊ လုပ်ပေးချင်တာတွေ အများကြီးရှိတယ်။ တချို့ကိစ္စတွေဆိုရင်ပေါ့ ရေတိုနဲ့ မရဘူးပေါ့။ ရေတိုမှာက အကန့် အသတ်ရှိတာကို ကျနော်တို့ တိုင်ပြည်ရဲ့ ဒီအလုပ်သမားတွေက ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်ကြောင့် နိုင်ငံတကာထွက်ပြီးတော့ လုပ်နေရ တာတွေက အရမ်းများတယ်။

သူတို့ အဲ့လိုထွက်ပြီးတော့ အလုပ်လုပ်တဲ့ အခါမှာ နှစ်နာမှုမျိုးစုံ၊ ဖိနှိပ်မှုမျိုးစုံ ရှိနေတယ်။ ဒါတွေနဲ့ ပတ်သက်လို့ ဆောင်ရွက်ပေးချင်တဲ့ ကဏ္ဍတွေကများပါတယ်။ ပထမ ဦးစားပေးကတော့ သူတို့ရဲ့ အခွင့်အရေး ချိုးဖောက်မှု ပေါ့နော်။ ဒါကလောလောလတ်လတ် အကူအညီပေးရမဲ့ဟာ၊ နောက်တစ်ခုကတော့ သူတို့ရဲ့ အထောက်အထား ပေါ့နော်၊ အထောက်အထားနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ အရပ်သားအစိုးရတွေ တက်လာပြီးဆိုလို့ယှဉ်ရင် အရပ်သားအစိုးရတွေက အမြဲတမ်းဒါကို ဦးစားပေး ပြီးတော့ လုပ်တယ်ပေါ့နော်။

NLD တက်လာတုံးကလည်း CI ဆိုတာမျိုးပေါ့ အထောက်အထားတွေရရှိအောင် လုပ်ပေးခဲ့တယ်ပေါ့နော်။ ကျနော် တို့ ဒီဟာမျိုးက လုပ်ပေးချင်တယ်။ ဒါပေမဲ့ အထောက်အထားကဒ်က လက်တလောမှာ အကန့်အသတ်ရှိနေ သေး တယ်။ ထပ်ပြီး လုပ်ပေးနေတာ ဘာရှိလဲဆိုတော့ သင်တန်းတွေပါ။ သင်တန်းတွေဆိုတာက သူတို့တွေဒီဘက် ရောက်လာတဲ့အခါမှာ၊ ရိုးရိုး အထွေထွေအလုပ်သမားအနေနဲ့ အလုပ်ကြမ်းတွေ လုပ်နေရမဲ့အစား၊ နည်းနည်း အတက် ပညာလေးတစ်ခု တက်ရင်၊ ပိုပြီးတော့ အလုပ်အကိုင်အလည်းအဆင်ပြေမယ်၊ ဝင်ငွေလည်း ပိုတိုးမယ်။

ဒီအတွက်ကို ကျနော်တို့ အတက်ပညာလေးတွေ ကူပြီးတော့ သင်ပေးနေတာလေးတွေရှိတယ်ပေါ့နော်။ ရေရှည်လုပ်ပေး ချင်တာကတော့ သူတို့ရဲ့ ပညာရေး၊ ကျမ်းမာရေးက အစပေါ့နော်။ ဒါတွေကတော ကျနော်တို့ စိတ်ကူးပဲ ရှိပါသေးတယ်။ လက်တလော ဒီကာလအတွင်းမှာ ကျနော်တို့ ဆောင်ရွက်ပေးနိုင်တာက တိုင်ကြားရေး ယန္တရားကို ပိုပြီးတော့ ဆောင်ရွက်ပေးချင်တယ်။ နောက်ပြီးတော့ သူတို့ရဲ့ အတက်ပညာပိုင်းကို ကျနော်တို့ လက်ရှိလည်း လုပ်ပေးနေတယ်။ အဲ့ဒါကိုလည်း ထပ်ပြီးတော့ မြှင့်ပေးမယ်။

နောက်တစ်ခုကတော့ ဒီနိုင်ငံကို နောက်မှရောက်လာတဲ့ သူတွေပေါ့နော်။ ဒီနိုင်ငံလို့ မဆိုလိုပါဘူး ပြည်ပကို အလုပ် ထွက်လုပ်ဖို့ ကျိုးစားနေတဲ့ လူတွေ၊ အခုမှပြည်ပကိုထွက်ပြီး အလုပ်လုပ်မဲ့သူတွေကို အဲ့နိုင်ငံတွေရဲ့ ဓလေ့ထုံးတမ်း တွေ ပုံမှန်ဆိုရင်တော့ ဒီ Pre-departure Training ခေါ်တာပေါ့ ဒီနိုင်ငံမှာ Do and Don’t တွေ ဘာတွေ လိုက်နာ သင့်တယ်၊ ဘာတွေ မလုပ်ရဘူး။ ဒါမျိုးလေးတွေကအစ ကျနော်တို့ အသိပညာပေးဖို့အတွက် စီစဉ်ထားပါတယ်။

မေး။ ။ ရွှေ့ပြောင်းအလုပ်သမားတွေကို ကူညီပေးတဲ့အခါ ကြုံရတဲ့ အခက်အခဲတွေကိုလည်း သိချင်ပါတယ်။
ဖြေ။ ။ အဓိက အခက်အခဲက ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ တိုင်ကြားမှုတွေထဲမှာ ဝန်ကြီးဌာန ကလုပ်ပိုင်ခွင့် ရှိတာရော၊ ဒါဝန်ကြီးဌာနတွေ တစ်ခုနဲ့ တစ်ခု မတူဘူးပေါ့နော်။ ဒီလိုမျိုးလုပ်ပိုင်ခွင့်ရှိတဲ့ အပိုင်းရော လုပ်နိုင်စွမ်း ကရော အလုပ်သမားနှစ်နာမှုတွေကိုပဲ လုပ်နိုင်တာပေါ့နော်။ နောက်အထောက်အထားကဒ်မရှိတဲ့ ကိစ္စမျိုးတွေပေါ့၊ အထောက်အထားမဲ့ ဖြစ်တဲ့ ကိစ္စမျိုးတွေမှာ သူတို့ အကူအညီတောင်းတာတွေ တိုင်ကြားတာတွေ နောက်တစ်ခုက အထောက်အထားမဲ့ ဖြစ်လို့ အဖမ်းခံရတဲ့ ကိစ္စမျိုး၊ ဒီလိုကိစ္စမျိုးတွေမှာ ကျနော်တို့ မကူညီနိုင်ဘူးပေါ့။ လုပ်ပိုင်ခွင့် အရကရော လုပ်နိုင်စွမ်းကရော ဒါကကျနော်တို့ အကန့်အသတ် ရှိတယ်။

အဲ့တော့ ကျနော်တို့ ဝန်ကြီးဌာနရဲ့ လုပ်ပိုင်ခွင့်မဟုတ်တဲ့ ကျန်တဲ့နည်းနာမျိုးစုံနဲ့ ကူညီနိုင်ရေးတော့ ကျိုးစားတယ်။ ဒါက တော်လှန်ရေးကာလမှာ နိုင်ငံသားတွေ အချင်းချင်း ကူညီပေးရ မယ်ဆိုတဲ့တာဝန်ပေါ့။ ဒါကိုဝိုင်းပြီးတော့ ကျိုးစားပေးကြတာရှိတယ်။ နောက်တစ်ခုက အလိမ်ခံရတဲ့ ကိစ္စ၊ ငွေလိမ်ခံရတဲ့ကိစ္စတွေက ရာဇဝတ်မှု လိုမျိုး ဖြစ်တာပေါ့၊ ဒါက အေဂျင်စီတွေဘာတွေ ဒီလိုမျိုးတွေဖြစ်ရင် အေဂျင်စီကို ဆက်သွယ်ပြီး ဖြေရှင်းခိုင်းတာမျိုးပေါ့။

အေဂျင်စီတွေက မဖြေရှင်းဘူးဆိုရင် Black list သွင်းဖို့၊ အရေးယူဖို့ ဆိုတာမျိုးတွေက ကျနော်တို့လုပ်လို့ ရတယ်။ အပြင်ပွဲစားတွေက လိမ်တာမျိုးကြတော့ ရိုးရိုးလိမ်လည်မှု ရာဇဝတ်မှုပုံစံမျိုးဖြစ်တော့ ဆောင်ရွက်ရတဲ့ နေရာမှာ အခက်အခဲရှိတယ်။ နောက်တစ်ခုက အရှေ့အလယ်ပိုင်း နိုင်ငံတွေကို အခုနောက်ပိုင်းသွားကြ တာရှိတယ်။ အိမ်အကူတို့ တချို ဆို ဟော်တယ်ဆိုပြီးတော့ သွားကြတာမျိုး၊ ဒီလိုသွားကြတဲ့အခါမှာ တချို့တွေ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရတဲ့အခါ ကူညီရတာ အကန့်အသတ်ရှိတယ်။ တော်တော်ကြီးကို အခက်အခဲ ဖြစ်တယ်။

အကူအညီတောင်းတဲ့ သူတွေကလည်း တကယ်ကို ဒုက္ခရောက်ပီးတော့ အကူအညီတောင်း၊ ကျနော်တို့ကလည်း ဒီဘက်ကနေပြီးတော့ လက်လှမ်းမမှီ ဒါပုံမှန်အစိုးရတွေ လက်ထက်မှာတောင်မှ သူတို့နိုင်ငံရဲ့ ဥပဒေအရရော သံတမန်ဆက်ဆံရေး အားနည်းချက်တွေအရ ကူညီပေးရတာ အရမ်းခက်ခဲတယ်။ အဲ့တော့ ဒီကာလ တော်လှန်ရေး အစိုးရ ကြတော့ ပိုဆိုးတယ်။ အခက်အခဲရှိတယ်။ သွားပြီးတော့ ဆောင်ရွက်ပေးရတဲ့ အပိုင်းတွေမှာ။

နောက်တစ်ခုက ဒီစစ်ကောင်စီက လွှတ်လိုက်တဲ့ MOU အလုပ်သမားတွေ သတ်မှတ်ထားတဲ့ လုပ်ငန်းခွင်ကို မရောက်တဲ့ ပြဿနာမျိုးတွေမှာပေါ့နော်။ ဖြေရှင်းရတဲ့အပိုင်းမှာ နည်းနည်းခက်ခဲတာပေါ့။ နောက်ဆုံးကတော့ ရံပုံငွေပေါ့၊ ရံပုံငွေက တကယ့်တကယ်ဆိုရင် သိပ့်ပြီးတော့ လုံလောက်နေတာ မဟုတ်ဘူး။ အဓိက ကတော့ တော်လှန်ရေးနိုင်ဖို့ပဲ အားစိုက်ရတဲ့ အခါမှာ ဒီဘက်ခြမ်းမှာ ဘာဂျက်ကို တင်ပြီးတော့ သုံးနေရတာ မဟုတ်ဘူး။

ကျနော်တို့ ရှိထားတဲ့ ဝန်ကြီးဌာန အသုံးစရိတ်ကနေ၊ ရထားတဲ့ အလှူငွေ လေးတွေထဲကနေ ဒီလိုမျိုး တွေကနေ သုံးနေတာ ဒါပေမဲ့ လိုအပ်လို့ယှဉ်ရင်တော့ ထပ်ပြီး ဖြည့်သုံးရမှာပဲပေါ့။ ဘာကြောင့်လဲဆိုတော့ တော်လှန်ရေးရဲ့ အဓိကရင်းမြစ်က ပြည်ပမှာအလုပ်လုပ်နေတဲ့ နိုင်ငံသားတွေပေါ့။ ဒီလူတွေရဲ့ ထောက်ပံ့ငွေတွေက အများကြီး အရေးကြီးတယ်။ ဒါကြောင့် သူတို့ကိုကူညီ စောင့်ရှောက်တဲ့နေရာမှာလည်း ပြန်သုံးရမယ်ပေါ့နော်။ ဒါကြောင့် လက်တလောကတော့ ရံပုံငွေအပိုင်းမှာလည်း အခက်အခဲတော့ ရှိတယ်ပေါ့။

မေး။ ။ အခု အလုပ်သမား အခွင့်အရေးလုပ်ဆောင်ပေးနေတာတွေ အရှိန်ရလာပြီးလို့ ပြောနိုင်မလား။
ဖြေ။ ။ တိုင်းကြားရေး ယန္တရားက တော်တော်အရှိန်ကောင်းလာတယ်လို့ ပြောလို့ရတာပေါ့နော်။ အရှိန်ကောင်း လာတဲ့အခါမှာ နောက်ကနေပြီးတော့ သူ့အရှိန်နဲ့ အညီလိုက်ဖို့လေးလည်း ကြိုးစားရုန်းကန်ရဦးမှာပေါ့။